Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 46:34 - Common Language Bible

34 ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ကျွန် တော် မျိုး တို့ သည် ငယ် ရွယ် စဉ် က ယ ခု တိုင် အောင် ဘိုး ဘေး တို့ ဘာ၀ အ လိုက် သိုး နွား များ ကို မွေး သော သူ ဖြစ် ကြ ပါ သည် ဟု တင် လျှောက် ကြ ရ မည်။ သို့ မှ သိုး ထိန်း ဟူ သ မျှ ကို အိ ဂျစ် လူ တို့ ရွံ ရှာ တတ် သော ကြောင့် ဂေါ ရှင် ပြည် မှာ နေ ခွင့် ရ ကြ လိမ့် မည် ဟု ညီ အစ် ကို၊ အ ဘ အိမ် သူ အိမ် သား တို့ အား ပြော ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ရ​မည်။ သို့​ဖြစ်၍ ဂေါ​ရှင်​ပြည်​မှာ​နေ​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​ဖြစ်​သော​သူ​ကို အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​ရှာ​တတ်​ကြ၏​ဟု အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​များ​တို့​ကို ပြော​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 သင်​တို့​က ‘​အကျွန်ုပ်​တို့​၏​ဘိုးဘေး​မှစ၍ အရှင့်​အစေအပါး​ဖြစ်​သော​အကျွန်ုပ်​တို့​သည် ငယ်ရွယ်စဉ်​မှ ယခု​တိုင်အောင် တိရစ္ဆာန်​မွေးမြူ​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​’​ဟု လျှောက်​ရ​မည်​။ သို့မှသာ သင်​တို့​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ခွင့်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သိုးထိန်း​ဟူသမျှ​ကို အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​ကြ​၏​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 46:34
17 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)


ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-


ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။


ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-


ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-


တစ်​နေ့​သ​၌​ယော​သပ်​၏​အစ်​ကို​တို့​သည်​ရှေ​ခင် မြို့​အ​နီး​တွင်​ဖ​ခင်​၏​သိုး​ဆိတ်​များ​ကို​ကျောင်း နေ​ကြ​စဉ်၊-


ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။


ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-


ဖ​ခင်​နှင့်​တ​ကွ​သား​သ​မီး၊ မြေး​များ၊ သိုး၊ ဆိတ်၊ နွား​မှ​စ​သော​ဖ​ခင်​ပိုင်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို​ယူ​ဆောင်​၍​သား​နှင့်​အ​နီး​ဂေါ​ရှင်​အရပ်​၌ နေ​ထိုင်​ပါ​လော့။-


သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-


သူ​တို့​သည်​သိုး​ထိန်း​များ​ဖြစ်​၍​တိ​ရစ္ဆာန်​များ ကို​ထိန်း​ကျောင်း​ရ​ပါ​သည်။ သူ​တို့​သည်​သိုး ဆိတ်​နှင့်​ရှိ​သ​မျှ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့ ကြ​ပါ​ပြီ​ဟု​လျှောက်​ထား​ပါ​မည်။-


ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-


ဖာ​ရော​ဘု​ရင်​က​ယော​သပ်​၏​အစ်​ကို​တို့ အား``သင်​တို့​မည်​သည့်​အ​လုပ်​ကို​လုပ်​ကိုင် ကြ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး များ​ကဲ့​သို့​သိုး​ထိန်း​များ​ဖြစ်​ကြ​ပါ​သည်။-


ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး အ​လွန်​ဆိုး​ရွား​လျက်​ရှိ​သ​ဖြင့် သိုး​နွား​တို့ အ​တွက်​စား​ကျက်​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​ရန်​ရောက်​လာ ကြ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​အား​ဂေါ​ရှင် အရပ်​၌​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက် ထား​ကြ​လေ​၏။-


အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။


ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-


မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ