ကမ္ဘာဦး 47:1 - Common Language Bible1 သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ယော သပ် လည်း ဖာ ရော မင်း ထံ ဝင် ရောက်၍ ကျွန် တော် မျိုး၏ အ ဘ နှင့် ညီ အစ် ကို တို့ သည် သိုး၊ နွား၊ ဥ စ္စာ ရှိ သမျှ ပါ ခါ နာန် ပြည် မှ ထွက် လာ၍ ဂေါ ရှင် နယ် သို့ ဆိုက် ရောက် ကြ ပါ ပြီ ဟု တင် လျှောက် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုစကားအတိုင်း ယောသပ်သည်ဖာရောမင်းထံသို့သွား၍၊ ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စာရှိသမျှကိုဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟုလျှောက်သဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ယောသပ်သည် ဖာရောမင်းကြီးထံသို့သွား၍ “အကျွန်ုပ်၏ဖခင်နှင့်ညီအစ်ကိုတို့သည် မိမိတို့၏သိုးဆိတ်များ၊ နွားများမှစ၍ သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့နှင့်တကွ ခါနာန်ပြည်မှဂေါရှင်အရပ်သို့ ယခုရောက်လာကြပါပြီ”ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။