Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 34:25 - Common Language Bible

25 ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သုံး ရက် မြောက် သော နေ့ တွင် နာ ကျင် လျက် ရှိ ကြ ဆဲ အ ခါ ယာ ကုပ် သား၊ ဒိ န မောင်၊ ရှိ မောင် နှင့် လေ ဝိ နှစ် ယောက် တို့ သည် ဓား လက် နက် စွဲ ကိုင် လျက် ဘေး မ မျှော် မြင် သော ထို မြို့ ကို တိုက် ခိုက်၍ ယောက်ျား အ ပေါင်း တို့ ကို သတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သို့​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌၊ အ​လွန်​နာ​ကြ​သော​အ​ခါ၊ ယာ​ကုပ်​သား၊ ဒိ​န၏​မောင်​ရှိ​မောင်​နှင့် လေ​ဝိ​ညီ​နောင်​နှစ်​ယောက်​တို့​သည်၊ ဓား​လက်​နက် တစ်​ယောက်​တစ်​စင်း​စီ​စွဲ​ကိုင်​လျက်၊ သ​တိ​မ​ရှိ​သော​ထို​မြို့​ကို​တိုက်၍၊ ယောက်ျား​အ​ပေါင်း​တို့​ကို​သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သုံး​ရက်​မြောက်​သော​နေ့​၌ သူ​တို့​နာကျင်​လျက်​နေ​ကြ​သောအခါ ယာကုပ်​၏​သား​နှစ်​ယောက်​ဖြစ်​သော ဒိန​၏​အစ်ကို​ရှိမောင်​နှင့်​လေဝိ​တို့​သည် ဓား​ကိုယ်စီ​ကိုင်ဆောင်​လျက် ထို​မြို့​ထဲသို့ ရဲရင့်​စွာ​ဝင်ရောက်​၍ ယောက်ျား​အပေါင်း​တို့​ကို​သတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 34:25
10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-


သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။-


သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။


သို့​ဖြစ်​၍​ယောကျာ်း​က​လေး​များ​နှင့် ယောကျာ်း နှင့်​ဆက်​ဆံ​ဖူး​သော​မိန်း​မ​ရှိ​သ​မျှ​တို့ ကို​သတ်​လော့။-


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊-


အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ