Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 34:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သုံး​ရက်​မြောက်​သော​နေ့​၌ သူ​တို့​နာကျင်​လျက်​နေ​ကြ​သောအခါ ယာကုပ်​၏​သား​နှစ်​ယောက်​ဖြစ်​သော ဒိန​၏​အစ်ကို​ရှိမောင်​နှင့်​လေဝိ​တို့​သည် ဓား​ကိုယ်စီ​ကိုင်ဆောင်​လျက် ထို​မြို့​ထဲသို့ ရဲရင့်​စွာ​ဝင်ရောက်​၍ ယောက်ျား​အပေါင်း​တို့​ကို​သတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သုံး ရက် မြောက် သော နေ့ တွင် နာ ကျင် လျက် ရှိ ကြ ဆဲ အ ခါ ယာ ကုပ် သား၊ ဒိ န မောင်၊ ရှိ မောင် နှင့် လေ ဝိ နှစ် ယောက် တို့ သည် ဓား လက် နက် စွဲ ကိုင် လျက် ဘေး မ မျှော် မြင် သော ထို မြို့ ကို တိုက် ခိုက်၍ ယောက်ျား အ ပေါင်း တို့ ကို သတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သို့​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌၊ အ​လွန်​နာ​ကြ​သော​အ​ခါ၊ ယာ​ကုပ်​သား၊ ဒိ​န၏​မောင်​ရှိ​မောင်​နှင့် လေ​ဝိ​ညီ​နောင်​နှစ်​ယောက်​တို့​သည်၊ ဓား​လက်​နက် တစ်​ယောက်​တစ်​စင်း​စီ​စွဲ​ကိုင်​လျက်၊ သ​တိ​မ​ရှိ​သော​ထို​မြို့​ကို​တိုက်၍၊ ယောက်ျား​အ​ပေါင်း​တို့​ကို​သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 34:25
10 ပူးပေါင်းရင်းမြစ်များ  

ဟာမော်​နှင့်​သူ​၏​သား​ရှေခင်​ကို​လည်း သူ​တို့​၏​ဓား​ဖြင့်​သတ်​ပြီးလျှင် ဒိန​ကို ရှေခင်​၏​အိမ်​မှ​ခေါ်​လျက် ထွက်သွား​ကြ​၏​။


သို့သော် ဟေဇကိ​မင်းကြီး​သည် ခံစား​ရ​သော​ကျေးဇူး​တော်​အတိုင်း မ​တုံ့ပြန်​ဘဲ ဘဝင်မြင့်​လာ​၏​။ ထို့ကြောင့် အမျက်​တော်​သည် သူ့​အပေါ်​သာမက ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​လေ​၏​။


အကြောင်းမူကား သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို​မ​ပြု​ရ​လျှင် အိပ်​မ​ပျော်​နိုင်​ကြ​။ တစ်စုံတစ်ဦး​ကို​ခလုတ်တိုက်​အောင်​မ​ပြု​ရ​လျှင် မအိပ်စက်​နိုင်​ကြ​။


ထို့ကြောင့် ယခု ယောက်ျား​သူငယ်​အားလုံး​၊ ယောက်ျား​နှင့်​ဆက်ဆံ​ဖူး​သော​မိန်းမ​အားလုံး​ကို သတ်ပစ်​လော့​။


သူ​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း မိဒျန်​လူမျိုး​တို့​ကို တိုက်ခိုက်​၍ ယောက်ျား​ရှိသမျှ​တို့​ကို​သတ်​လေ​၏​။


အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။


တစ်မျိုးသားလုံး အရေဖျားလှီး​ခြင်း​ကို ခံ​ပြီး​သောအခါ အနာပျောက်​သည်​အထိ တပ်စခန်း​၌​သာ နား​နေ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ