ကမ္ဘာဦး 31:54 - Common Language Bible54 သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible54 တောင် ပေါ် မှာ ပူ ဇော် သ က္ကာ ကို ဆက် ကပ်၍ ဆွေ မျိုး သား ချင်း တို့ ကို စား သောက် စေ ခြင်း ငှါ ခေါ် ဖိတ် သ ဖြင့် သူ တို့ စား သောက် ပြီး မှ တောင် ပေါ် တွင် ညဉ့် အိပ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible54 ထိုအခါယာကုပ်သည် တောင်ပေါ်မှာယဇ်ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှာ ခေါ်ဖိတ်သဖြင့်၊ သူတို့သည်စားသောက်၍၊ တောင်ပေါ်မှာညကိုလွန်စေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း54 ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။ အခန်းကိုကြည့်ပါ။ |
အမျိုးသမီးကလေးများကလည်း``ရှိပါ သည်။ အမှန်မှာသူသည်သင်တို့မလာမီ ကလေးကမှရောက်ရှိလာပါသည်။ သင်တို့ မြန်မြန်သွားလျှင်သူ့ကိုမီပါလိမ့်မည်။ သင် တို့မြို့ထဲကိုဝင်လျှင်ဝင်ချင်းသူ့အားတွေ့ ရှိပါလိမ့်မည်။ လူတို့သည်တောင်ကုန်းပေါ် ရှိယဇ်ပလ္လင်တွင်ပူဇော်သကာဆက်သကြ မည်ဖြစ်၍ ထိုသူသည်မြို့သို့ယနေ့ရောက် ရှိလာခြင်းဖြစ်ပါသည်။ သူမရောက်မချင်း ဖိတ်ခေါ်ထားသောသူတို့သည်စားသောက်ကြ လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည်ယဇ်ကောင်ကိုဦးစွာကောင်းချီးပေး ရမည်ဖြစ်သောကြောင့်ဖြစ်ပါ၏။ ထိုကြောင့် သင်တို့သည်မြို့ထဲသို့ဝင်လျှင်ဝင်ချင်း ထိုသူတောင်ထိပ်သို့စားသောက်ရန်မတက် မီသူ့အားတွေ့ရကြပါလိမ့်မည်'' ဟုဆို၏။-