ကမ္ဘာဦး 24:11 - Common Language Bible11 ထိုအရပ်သို့ရောက်သော်သူသည်မြို့ပြင်ရှိ ရေတွင်းအနီးတွင် ကုလားအုတ်များကိုဝပ် ချစေ၏။ ထိုအချိန်သည်ကားမြို့တွင်းမှအမျိုး သမီးများထွက်၍ရေခပ်ရန်လာသောညနေ ချမ်းအချိန်ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible11 မိန်း မ တို့ ရေ ခပ် ထွက် တတ် သော ည နေ အ ချိန်၌ မြို့ ပြင် ရေ တွင်း အ နီး ကု လား အုပ် များ ကို ၀ပ် စေ ပြီး သော်၊ အခန်းကိုကြည့်ပါ။Judson Bible11 မိန်းမများရေခပ်သော ညဉ့်ဦးယံအချိန်၌၊ မြို့ပြင်ရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင် အခန်းကိုကြည့်ပါ။ |
ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။