ကမ္ဘာဦး 24:12 - Common Language Bible12 သူက``အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာခဲ့ရသည့် ကိစ္စထမြောက်အောင်မြင်စေတော်မူပါ။ အကျွန်ုပ် ၏သခင်အားထားသောကတိတော်အတိုင်းပြု တော်မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible12 အ ကျွန်ုပ် သ ခင်၊ အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ဆောင် ရွက် သော အ မှု ကို ယ နေ့ အ ထ မြောက် စေ ၍ သ ခင် အာ ဗြ ဟံ အား ကျေး ဇူး ပြု တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible12 အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ဘုရားသခင် ထာဝရဘုရား၊ ယနေ့အကျွန်ုပ်အကြံကိုထမြောက်စေ၍၊ အကျွန်ုပ်၏သခင်အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 “အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-