ကမ္ဘာဦး 23:13 - Common Language Bible13 အများကြားနိုင်အောင်ဧဖရုန်အား``ငါတင်ပြချက်ကိုလက်ခံပါ။ ထိုမြေတစ်ကွက်လုံးကိုငါဝယ်ပါမည်။ မြေဖိုးငွေကိုလက်ခံပါ။ ငါ၏မယားကိုထိုမြေ၌မြှုပ်နှံပါမည်'' ဟုပြန်လည်ပြောကြားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible13 ကျွန်ုပ် စ ကား ကို နာ ယူ ခဲ့ ပါ က ထို မြေ ကွက် အ ဖိုး ငွေ ကို ကျွန်ုပ် ပေး ပါ မည်။ လက် ခံ ပါ လော့။ သို့ မှ ထို အ ရပ်၌ အ လောင်း ကို သင်္ဂြိုဟ် ပါ မည် ဟု လည်း ကောင်း၊ ပြည် သား တို့ ရှေ့ ဧ ဖ ရုန် အား ပြော ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုလယ်ပြင်အဖိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အားပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထိုပြည်သားတို့ရှေ့မှောက်၌ ဧဖရုန်အား “ထိုသို့ဆိုလျှင် အကျွန်ုပ်စကားကိုနားထောင်ပါ။ လယ်၏တန်ဖိုးငွေကို အကျွန်ုပ်ပေးပါမည်။ အကျွန်ုပ်ထံမှလက်ခံပါ။ သို့မှသာ ထိုအရပ်၌ အကျွန်ုပ်မယား၏အလောင်းကို သင်္ဂြိုဟ်ပါမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။-