Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 19:20 - Common Language Bible

20 ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို မြို့ နီး ၍ ပြေး သာ ပါ၏။ မြို့ ငယ် လည်း ဖြစ် ပါ၏။ အ သက် ချမ်း သာ ရ စေ ရန် ထို မြို့ သို့ ပြေး ခွင့် ပြု တော် မူ ပါ။ သိမ် ငယ် သော မြို့ မ ဟုတ် ပါ လော ဟု လျှောက် ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကြည့်​ပါ။ ထို​မြို့​နီး​ပါ၏။ ပြေး​သာ​ပါ၏။ ငယ်​သော​မြို့​လည်း​ဖြစ်​ပါ၏။ ဘေး​လွတ်၍ ထို​အ​ရပ်​သို့​ပြေး​ပါ​ရ​စေ။ ထို​မြို့​သည် ငယ်​သော​မြို့​မ​ဟုတ်​လော။ သို့​ပြေး​လျှင်၊ အ​သက်​ချမ်း​သာ​ရ​ပါ​မည်​ဟု လျှောက်​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကြည့်​ပါ​။ ထို​မြို့​သည် နီး​ပါ​၏​။ ပြေး​သာ​ပါ​၏​။ မြို့​ငယ်လေး​လည်း ဖြစ်​ပါ​၏​။ ထို​အရပ်​သို့​ပြေး​ပါရစေ​။ မြို့​ငယ်လေး​သာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်​ချမ်းသာ​ရာ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 19:20
9 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။-


ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​သ​ဖြင့် အ​သက်​ချမ်း​သာ​ရာ​ရ​ခဲ့​ပါ​ပြီ။ တောင်​များ​သည်​ခ​ရီး​ဝေး​လှ​ပါ​၏။ တောင်​ပေါ်​သို့​မ​ရောက်​မီ​ဘေး​သင့်​မည်​ဟု​စိုး​ရိမ်​ရ​ပါ​၏။-


ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-


လော​တ​သည်​ဇော​ရ​မြို့​တွင်​မ​နေ​ထိုင်​ဝံ့​သ​ဖြင့် သ​မီး​နှစ်​ယောက်​တို့​နှင့်​အ​တူ​တောင်​ပေါ်​သို့​ပြောင်း​ရွှေ့​ပြီး​လျှင် လိုဏ်​ဂူ​တစ်​ခု​အ​တွင်း​၌​နေ​လေ​၏။-


ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။


``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။


ငါ​က``အ​ရှင်​သည်​ထို​သူ​တို့​လက်​တွင်း​သို့ ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင့်​အား အ​ကျွန်ုပ်​ပြန်​ကြား​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​တော်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက် တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား​ပါ​၏။ ဤ အ​တိုင်း​ပြု​တော်​မူ​လျှင်​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လျက် အ​ရှင်​သည်​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-


မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ