ကမ္ဘာဦး 19:12 - Common Language Bible12 ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။- အခန်းကိုကြည့်ပါ။Garrad Bible12 စေ တ မန် တော် တို့ က လည်း ဤ မြို့ တွင် သင် နှင့် စပ် ဆိုင် သူ မည် သူ ရှိ သေး သ နည်း။ သား သ မီး သ မက် တို့ မှ စ၍ မြို့ တွင်း ရှိ သင့် လူ ဟူ သ မျှ တို့ ကို ဤ မြို့ မှ ထုတ် ဆောင် လော့။ အခန်းကိုကြည့်ပါ။Judson Bible12 ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ကောင်းကင်တမန်တို့က လောတအား “ဤအရပ်တွင် သင်နှင့်သက်ဆိုင်သူ အခြားမည်သူရှိသေးသနည်း။ သင်၏သမက်၊ သင်၏သားသမီးများမှစ၍ မြို့ထဲ၌ရှိသော သင်နှင့်သက်ဆိုင်သူရှိသမျှတို့ကို ဤအရပ်မှခေါ်ထုတ်လော့။ အခန်းကိုကြည့်ပါ။ |
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-