Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 22:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 ဒါဝိဒ်မင်း​က ခရစ်တော်​ကို သခင်​ဟူ၍ ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ ဒါဝိဒ်မင်း​၏​သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 အ​ကယ်​၍​ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို​အ​ရှင်​ဟု ခေါ်​ပါ​မူ​မေ​ရှိ​ယ​သည်​အ​ဘယ်​သို့​လျှင်​ဒါ​ဝိဒ်​၏ သား​မြေး​ဖြစ်​နိုင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 ခ ရစ် တော် ကို အ ရှင် ဘု ရား ဟု ဒါ ဝိဒ် ခေါ် လျှင် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မေး တော် မူ ပြန် သော် မည် သူ မျှ တစ် ခွန်း တ ပါ ဒ မ ဖြေ မ ဆို နိုင်။ ထို နေ့ က စ၍ လည်း ထပ် မံ မ မေး မ စမ်း ဝံ့ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍​ခေါ်​လျှင်၊ အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 ထိုသို့ ဒါဝိဒ်​သည် ခရစ်တော်​ကို သခင်​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

45 ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍​ခေါ်​လျှင်၊ အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 22:45
9 ပူးပေါင်းရင်းမြစ်များ  

‘ထာဝရဘုရား​သည် ကျွန်ုပ်​၏ သခင်​အား “ငါ​၏ လက်ယာဘက်​၌ ထိုင်လော့။ ငါ​သည် သင်​၏​ရန်သူတို့​ကို သင်​၏​ခြေဖဝါး​အောက်​၌ ချထား​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။


ထိုအခါ မည်သူ​မျှ အဖြေ​မပေးနိုင်ကြ။ ထို​နေ့​မှစ၍ ယေရှု​အား မည်သူ​မျှ ထပ်မံ​၍ မမေးလျှောက်ဝံ့ကြပေ။


ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် အာဗြဟံ မဖြစ်​မီ​ကပင် ငါ​ဖြစ်၏” ဟု မိန့်တော်မူ၏။


အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့​သည် သူတို့​၏ ဘိုးဘေးများ​ဖြစ်၏။ ခရစ်တော်​ကိုယ်တိုင်​သည်လည်း လူသား​အနေဖြင့် သူတို့​၏ အမျိုး​ဖြစ်၏။ ခရစ်တော်​သည် အရာခပ်သိမ်း​ကို အုပ်စိုး​၍ ထာဝရ​မင်္ဂလာရှိသော ဘုရားသခင်​လည်း ဖြစ်တော်မူ၏။ အာမင်။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


ထို​သားသမီးတို့​သည် အသွေးအသား​ရှိ​သဖြင့် ကိုယ်တော်​သည် အသွေးအသား​ကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်​အသေခံ​၍ သေခြင်း​ကို အစိုးရသော မာရ်နတ်​၏​တန်ခိုး​ကို ဖျက်ဆီး​ကာ


ငါ​ယေရှု​သည် အသင်းတော်များ​၌​ရှိသော သင်တို့​အား ဤ​အကြောင်းအရာများ​ကို သက်သေခံ​ရန် ငါ​၏ ကောင်းကင်တမန်​ကို စေလွှတ်ထား၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်၊ ဒါဝိဒ်​၏ အမျိုး​ဖြစ်၏။ တောက်ပသော​မိုးသောက်ကြယ်​လည်း​ဖြစ်၏” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ