Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 22:4

Judson Bible

အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​သေ​သော​နောက်၊ အာ​ဟပ်​အ​မျိုး​သား​တို့​သည် အာ​ခ​ဇိ​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ မ​ကောင်း​သော​အ​ကြံ​ကို ပေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မယ်​တော်​သည် မ​ကောင်း​သော​အ​ကြံ​ကို ပေး​သော​ကြောင့်၊ ထို​မင်း​သည် အာ​ဟပ်​အ​မျိုး​လိုက်​ရာ လမ်း​သို့​လိုက်၍၊

ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။

ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။

စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊

ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ