Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 22:5

Judson Bible

အာ​ခ​ဇိ​သည် သူ​တို့​စ​ကား​ကို​နား​ထောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင် ဘု​ရင်​အာ​ဟပ်​သား ယော​ရံ​နှင့်​ဝိုင်း​လျက်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့​စစ်​ချီ၍၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ကို တိုက်​ရာ​တွင်၊ ရှု​ရိ​လူ​တို့​သည်​ယော​ရံ​ကို ထိ​ခိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သည် ငါ​တို့​နိုင်​ငံ​အ​ဝင်​ဖြစ်​သည်​ကို သင်​တို့​မ​သိ​လော။ ငါ​တို့​သည် ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ မ​နုတ်​မ​ယူ​ဘဲ ငြိမ်​သက်​စွာ နေ​ကြ​ပြီ​တ​ကား​ဟု မိ​မိ​ကျွန်​တို့​အား​ဆို၏။

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ် နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ အာ​ဟပ်​သား​ယော​ရံ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ၏။

ဟာ​ဇေ​လ​သည် ကု​လား​အုတ်​လေး​ဆယ်​အ​ပေါ်​မှာ ဒ​မာ​သက်​ဥ​စ္စာ​များ​ကို​တင်၍၊ လက်​ဆောင်​ကို​ဆောင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို ပြု​ခြင်း​ငှာ​သွား၍ ရှေ့​တော်၌​ရပ်​လျက်၊ ကိုယ်​တော်၏​သား ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​က၊ ငါ​သည် ဤ​အ​နာ​မှ​ထ​မြောက်​ရ​မည်​လော​ဟု မေး​မြန်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​ကို​စေ​လွှတ်​ပါ​သည်​ဟု ဆို၏။

ထို​အ​ခါ​ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည် ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​ကို ခေါ်၍၊ သင်၏​ခါး​ကို စည်း​လော့။ ဤ​ဆီ​ဘူး​ကို​ယူ၍ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ သွား​လော့။

ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု​မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည် မင်း​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျက်၊ မင်း​ကြီး​နှင့်​ဝိုင်း၍ စစ်​တိုက်​မည်​ဟု ပြန်​ပြော၏။

ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက်၊ သူ့​ကို​တိုက်​အံ့​သော​ငှာ ဝိုင်း​လာ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း မ​စ၍ သူ​တို့​ကို​လွှဲ​သွား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သွေး​ဆောင်​တော်​မူ၏။

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

ထို​သို့​ရာ​မုတ်​မြို့၌ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။

မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊

အ​ရှင်​သား​တော် ဗေ​လ​ရှာ​ဇာ၊ ကိုယ်​တော်​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို သိ​သော်​လည်း၊ စိတ်​နှ​လုံး​ကို မ​နှိမ့်​ချ​ဘဲ၊

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ