၂ ရာချုပ် 1:2Judson Bibleလူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီး အစရှိသော ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်အမှုတော်ကို စောင့်သော ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တစ်နှစ်တွင် တစ်ဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တစ်လစီတစ်လစီ အလှည့်လှည့်စောင့်ရသော တပ်သားအမှုထမ်း နှစ်သောင်းလေးထောင်စီ ရှိကြ၏။
တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကိုစောင့်သော တပ်မှူးဗိုလ်မင်း၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သားတော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲအကြီးအကဲ အရာရှိအပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။