Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 1:1

Judson Bible

ဒါ​ဝိဒ်၏​သား​တော်​ရှော​လ​မုန်​သည်၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း၊ အ​လွန်​ချီး​မြှောက်​တော်​မူ​ခြင်း ကျေး​ဇူး​ကြောင့်၊ မိ​မိ​အာ​ဏာ​တော်​တည်​ကြည်​မြဲ​မြံ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​ရော​အ​ခါ၊ အ​ဘိ​မ​လက်​မင်း​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​သည် အာ​ဗြ​ဟံ​ကို​ခေါ်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၌ သင့်​ဘက်​မှာ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။

သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။

သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။

ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ၍၊ အာ​ဏာ​တော်​သည် အ​မြဲ​တည်၏။

ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် အ​မိန့်​တော်​ကို​ခံ၍ ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​သေ​အောင်​လုပ်​ကြံ​လေ၏။ ထို​သို့ နိုင်​ငံ​တော်​သည် ရှော​လ​မုန်​လက်၌ တည်၏။

သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍၊ သင်၏​ရန်​သူ အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှာ ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား လူ​ကြီး​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး​ပြီ။

သို့​ဖြစ်၍​ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​နေ၍ အ​ကြံ​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​လိမ့်​မည်။

ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​တိုင်း​မ​သိ​များ​သည် ဖြစ်၍ ထ​လော့။ ကြိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု မှာ​ထား​တော်​မူ၏။

ထို​အ​ခါ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ဘုန်း​ကြီး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စ​ကား​တော်​ကို နား​ထောင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရှေ့​မှာ ရှော​လ​မုန်​ကို အ​လွန်​ချီး​မြှောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ခံ​စ​ဖူး​သော ဘုန်း​အာ​နု​ဘော်​တော်​ကို ပေး​သ​နား​တော်​မူ၏။

ကိုယ်​တော်​မှ​စ၍ ဣ​သ​ရေ​လ​ပြည်၊ အ​ခြား​တစ်​ပါး​သော တိုင်း​ပြည်​များ​တို့၌ ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၏​ကျမ်း​စာ၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း​စာ၊ ပ​ရော​ဖက်​ဂဒ်၏ ကျမ်း​စာ​တို့၌ ရေး​ထား​လျက်​ရှိ၏။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး၏။

အ​များ​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​သ​ဖြင့်၊ ဟေ​ဇ​ကိ​သည် ထို​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​လူ​မျိုး ရှေ့​မှာ​ဘုန်း​ကြီး​တော်​မူ၏။

ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ