နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ်ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊
သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေးသောအခါ၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်၏။
နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန်ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။
မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန်ပြော၍၊ သူတို့စကားကို နားမထောင်သောကြောင့်၊ သူတို့သည် မော်ဒကဲစကားတည်မည်၊ မတည်မည်ကို သိလိုသောငှာ၊ ဟာမန်အား ကြားပြောကြ၏။
ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။