Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 3:2

Judson Bible

နန်း​တော်​တံ​ခါး​သို့​ရောက်​သော ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဟာ​မန်​ကို ဦး​ချ​ရှိ​ခိုး​ကြ၏။ မော်​ဒ​ကဲ​မူ​ကား ဦး​မ​ချ၊ ရှိ​မ​ခိုး။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။

သ​မီး​က​ညာ​တို့​သည် ဒု​တိ​ယ​အ​ချိန်၌ စု​ဝေး​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်၏။

ထို​ကာ​လ​တွင်၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်​စဉ်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​တည်း​ဟူ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့် နှစ်​ယောက်​တို့​သည် ဒေါ​သ​စိတ်​ရှိ၍ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု အား​ထုတ်​ကြ၏။

ထို​ကာ​လ​တွင် ရှု​ရှန်​မြို့​တော်၌၊ ဗင်္ယာ​မိန်​အ​မျိုး ကိ​ရှ၊ ရှိ​မိ၊ ယာ​ဣ​ရ​တို့​မှ ဆင်း​သက်​သော မော်​ဒ​ကဲ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​ရှိ၏။

ထို​နောက်​မှ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် အာ​ဂတ်​အ​မျိုး၊ ဟ​မ္မေ​ဒါ​သ​သား​ဟာ​မန်​ကို ချီး​မြှောက်၍၊ အ​ထံ​တော်၌​ရှိ​သော မှူး​မတ်​အ​ပေါင်း​တို့​ထက် သာ၍​မြင့်​မြတ်​သော နေ​ရာ​ကို ပေး​တော်​မူ၏။

နန်း​တော်​တံ​ခါး​သို့ ရောက်​သော ရှင်​ဘု​ရင်၏​ကျွန်​တို့​က၊ သင်​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် ငြင်း​ဆန်​သ​နည်း​ဟု နေ့​တိုင်း မော်​ဒ​ကဲ​အား မေး​မြန်း​သ​တိ​ပေး​သော်​လည်း၊

ထို​သို့ မော်​ဒ​ကဲ​သည် ဦး​မ​ချ၊ ရှိ​မ​ခိုး​ဘဲ နေ​ကြောင်း​ကို ဟာ​မန် သိ​မြင်​သော​အ​ခါ၊ အ​လွန်​အ​မျက်​ထွက်၍၊

ထို​နေ့၌ ဟာ​မန်​သည် ဝမ်း​မြောက်​ရွှင်​လန်း​သော စိတ်​နှင့် ထွက်​သွား​သော်​လည်း၊ နန်း​တော်​တံ​ခါး​ဝ​မှာ မော်​ဒ​ကဲ​သည် ရို​သေ​စွာ​မ​ထ၊ အ​လျှင်း​မ​လှုပ်​ဘဲ​နေ​သည်​ကို မြင်​သော​အ​ခါ၊ မော်​ဒ​ကဲ​ကို အ​လွန်​အ​မျက်​ထွက်​လေ၏။

ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​မှု​ကို​အောက်​မေ့​စ​ရာ​ဖို့ စာ​ရေး​ထား၍ ယော​ရှု​အား​ဖတ်​ရွတ်​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ အာ​မ​လက်၏​အ​မှတ်​ရှိ​သ​မျှ​ကို ငါ​ပယ်​ရှင်း​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ အာ​မ​လက်​လူ​မျိုး၏​လက်​သည် ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်၏​ရန်​ဘက်​ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​ဆက် အာ​မ​လက်​အ​မျိုး​ကို​စစ်​တိုက်​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။

ထို​အ​ခါ ဒံ​ယေ​လ​သည် သံ​တော်​ဦး​တင်​သော​ကြောင့်၊ မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ဒံ​ယေ​လ​သည် နန်း​တော်​ဦး၌ နေ​ရ​လေ၏။

သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ပတ်​လည်၌​နေ​သော ရန်​သူ​အ​ပေါင်း​တို့၏​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အာ​မ​လက်​အ​မျိုး​ကို အောက်​မေ့​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​အောက်၌ သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ ထို​အ​မှု​ကို မ​မေ့​မ​လျော့​ရ။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊-

ယ​ခု​သွား၍ ထို​အ​မျိုး​ကို​လုပ်​ကြံ​လော့။ နှ​မြော​ခြင်း​မ​ရှိ​ဘဲ၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍၊ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​တို့​ကို​သတ်​လော့​ဟု ရှော​လု​အား ဆင့်​ဆို​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ