Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 10:3

Judson Bible

ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​နန်း​တော်​အုပ်​ဖြစ်​ရ​မည်။ သင်၏​စ​ကား​အ​တိုင်း ငါ၏​ပြည်​သား​အ​ပေါင်း​တို့​ကို ငါ​စီ​ရင်​စေ​မည်။ ရာ​ဇ​ပ​လ္လင်​အား​ဖြင့်​သာ ငါ​သည် သင့်​ထက်​ကြီး​မြတ်​မည်​ဟု မိန့်​တော်​မူ၏။

အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။

ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။

ခွန်​အား​ကြီး​သော ဧ​ဖ​ရိမ်​သား ဇိ​ခ​ရိ​သည်၊ ရှင်​ဘု​ရင်​သား မာ​သေ​ယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ရှင်​ဘု​ရင်​နောက် ဒု​တိ​ယ​မင်း ဧ​လ​ကာ​န​ကို​သတ်၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။

ထို​ကာ​လ​တွင် ရှု​ရှန်​မြို့​တော်၌၊ ဗင်္ယာ​မိန်​အ​မျိုး ကိ​ရှ၊ ရှိ​မိ၊ ယာ​ဣ​ရ​တို့​မှ ဆင်း​သက်​သော မော်​ဒ​ကဲ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​ရှိ၏။

နန်း​တော်​တံ​ခါး​သို့​ရောက်​သော ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဟာ​မန်​ကို ဦး​ချ​ရှိ​ခိုး​ကြ၏။ မော်​ဒ​ကဲ​မူ​ကား ဦး​မ​ချ၊ ရှိ​မ​ခိုး။

သင်​သည် အ​နက်​များ​ကို​ဖော်​ပြ၍ ပု​စ္ဆာ​အ​မေး​တို့​ကို ဖြေ​နိုင်​သည်​ဟု ငါ​ကြား​ပြီး​သည်​အ​တိုင်း၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​နိုင်​လျှင်၊ အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို အ​ဝတ်​နီ​ဝတ်​ဆင်​စေ၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​ပြီး​မှ၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​သည်​ဟု မြို့​ကို​လည်၍ ဟစ်​ကြော်​ကြ၏။

ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။-

ထို​သို့​ကျင့်၍ ခ​ရစ်​တော်၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ နှစ်​သက်​ဖွယ်၊ လူ​တို့​တွင် ချီး​မွမ်း​ဖွယ်​ဖြစ်၏။-

ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ချစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့၌ ဒါ​ဝိဒ်​သည် ထွက်​ဝင်​တတ်၏။

မ​စိုး​ရိမ်​နှင့်။ သင်​သည် ကျွန်ုပ်​အ​ဘ ရှော​လု၏​လက်​မှ​လွတ်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်။ ကျွန်ုပ်​သည်​လည်း သင့်​အောက်​မှာ အ​ရာ​ကြီး​လိမ့်​မည်။ ထို​သို့​ဖြစ်​မည်​ကို ကျွန်ုပ်​အ​ဘ​ရှော​လု​သိ​သည်​ဟု ဆို​သ​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ