Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 10:2

Judson Bible

အာ​ဏာ​တန်​ခိုး​တော်​နှင့် စီ​ရင်​သ​မျှ​သော အ​မှု​အ​ရာ​များ​နှင့်​တ​ကွ၊ ချီး​မြှောက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော မော်​ဒ​ကဲ၏ ဘုန်း​တန်​ခိုး၊ ထင်​ရှား​သော အ​ခြင်း​အ​ရာ​တို့​သည် မေ​ဒိ၊ ပေ​ရ​သိ​ရာ​ဇ​ဝင်​တို့၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​နှင့်၊ သူ၏​ပ​ညာ​စ​ကား​သည် ရှော​လ​မုန်​ဝ​တ္ထု၌ ရေး​ထား​လျက်​ရှိ၏။

ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ၊ စစ်​တိုက်​ခြင်း​အ​မှု၊ မင်း​ပြု​ခြင်း​အ​မှု​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

အာ​ဟပ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တည်​ဆောက်​သော ဆင်​စွယ်​နန်း၊ ပြု​စု​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

ထို​အ​မှု​ကို စစ်​ကြော၍ အ​မှန်​သိ​သော​အ​ခါ၊ ထို​သူ​နှစ်​ယောက်​တို့​ကို သစ်​ပင်၌ လည်​ဆွဲ​ချ​ပြီး​မှ၊ ရှင်​ဘု​ရင်​ရှေ့၊ နန်း​တော်​မှတ်​စာ၌ ရေး​မှတ်​သ​တည်း။

ထို​နေ့​ည​မှာ ရှင်​ဘု​ရင်​သည် စက်​တော်​ခေါ်၍ မ​ပျော်​နိုင်​သော​ကြောင့်၊ နန်း​တော်​မှတ်​စာ​ကို​ယူ​ခဲ့​ဟု မိန့်​တော်​မူ၍ ရှေ့​တော်၌ ဖတ်​ရ​ကြ၏။

မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊

ရှင်​ဘု​ရင်​သည်​လည်း၊ ဟာ​မန်​လက်​မှ​နုတ်​သော လက်​စွပ်​တော်​ကို တစ်​ဖန်​ချွတ်၍ မော်​ဒ​ကဲ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​လည်း၊ ဟာ​မန်​အိမ်​ကို မော်​ဒ​ကဲ၌ အပ်​လေ၏။

အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။

ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။

ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ