Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 1:4

Judson Bible

ထို​အ​ခါ နိုင်​ငံ​တော်​စည်း​စိမ်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို အ​ရက်​တစ်​ရာ​ရှစ်​ဆယ်​ပတ်​လုံး ပြ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရှေ့​မှာ ရှော​လ​မုန်​ကို အ​လွန်​ချီး​မြှောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ခံ​စ​ဖူး​သော ဘုန်း​အာ​နု​ဘော်​တော်​ကို ပေး​သ​နား​တော်​မူ၏။

ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။

ထို​ကာ​လ​လွန်​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် ရှု​ရှန်​နန်း​တော်၌ စည်း​ဝေး​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​အ​ဖို့ နန်း​တော်​အ​နား ဥ​ယျာဉ်​တော်​ဝင်း​ထဲ​မှာ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။

အ​ကျွန်ုပ်​သည်​လည်း ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း မြွက်​ဆို​ပါ​မည်။

ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် သူ​သည်​ဘုန်း​ကြီး၍၊ လက်​တော်​မှ ဂုဏ်​အ​သ​ရေ​နှင့် တန်​ခိုး​အာ​နု​ဘော်​ကို ခံ​ရ​ပါ၏။

တန်​ခိုး​ကြီး​သော​အ​ရှင်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော ကိုယ်​တော်၏​ဓား​ကို ပေါင်​တော်၌ စည်း​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ၍၊ အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​ဝတ်​ဆင်၍၊ ခွန်​အား​ကို ခါး​ပန်း​စည်း​တော်​မူ၏။ သို့​ဖြစ်၍၊ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် တည်​လျက်​ရှိ၏။

ဟေ​ဇ​ကိ​မင်း​သည် သူ​တို့​ရောက်​သော​ကြောင့် ဝမ်း​မြောက်၍၊ ရွှေ​တိုက်​မှ​စ​သော ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ၊ လက်​နက်​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​ပြ​လေ၏။ နန်း​တော်​မှ​စ၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

ထူး​ဆန်း​သော ပ​ညာ​နှင့် ကုန်​စ​လယ်​များ​အား​ဖြင့် စည်း​စိမ်​ကြီး၍၊ ထို​စည်း​စိမ်​ကြောင့် စိတ်​ဝါ​ကြွား​ပြီ။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

ထို​အ​ခါ ငါ့​စိတ်​ပ​က​တိ​ဖြစ်​ပြန်၍၊ ငါ့​နိုင်​ငံ၏​အ​သ​ရေ​ဖို့ ယ​မန်​ကဲ့​သို့ တင့်​တယ်​ခြင်း အ​ရောင်​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ တိုင်​ပင်​သော မှူး​တော်​မတ်​တော်​တို့​သည် ညီ​လာ​ခံ​ဝင်​ကြ​လျှင်၊ ငါ၏​အာ​ဏာ​တည်​မြဲ​တည်၏။ ငါ့​ဘုန်း​အာ​နု​ဘော်​လည်း ယ​ခင်​ထက် တိုး​ပွား၏။

အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။

တစ်​ဖန်​မာရ်​နတ်​သည် ယေ​ရှု​ကို အ​လွန်​မြင့်​လှ​စွာ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌ ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို​လည်း​ကောင်း၊ ထို​တိုင်း​နိုင်​ငံ​တို့၏ ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း ပြ​ညွှန်၍၊-

အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-

ချီး​မြှောက်​ခြင်း​အ​ဖို့ ပြင်​ဆင်​တော်​မူ​နှင့်​သော က​ရု​ဏာ​ခံ​ရာ အိုး​များ​တည်း​ဟူ​သော၊-

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊-

တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။-

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​သည် အ​လို​တော်​ကြောင့်​ဖြစ်၍ ဖန်​ဆင်း​လျက်​ရှိ​ကြ​ပါ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် ဘုန်း​အ​သ​ရေ တန်​ခိုး​တော်​ကို ခံ​စား​ထိုက်​တော်​မူ၏​ဟု လျှောက်​ဆို၍၊ ပ​လ္လင်​တော်​ရှေ့၌ မိ​မိ​တို့​သ​ရ​ဖူ​များ​ကို ချ​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ