Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 1:3

Judson Bible

ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သုံး​ရက်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​ကို ကျွေး​မွေး​တော်​မူ​စဉ်​တွင်၊ ဖ​လား​တော်​ဝန်၏​ဦး​ခေါင်း​နှင့် စား​တော်​ဝန်၏​ဦး​ခေါင်း​ကို ကျွန်​တော်​မျိုး​တို့​တွင်​ဖော်​တော်​မူ၍၊

ရှော​လ​မုန်​သည် နိုး၍ အိပ်​မက်​ဖြစ်​မှန်း​ကို​သိ၏။ တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ ရပ်​လျက်၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်၍ ကျွန်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​ကို စီ​ရင်​တော်​မူ၏။

ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​မင်း မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မြေ​ကြီး​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ့​အား ပေး​တော်​မူ​သည်​ဖြစ်၍၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ အိမ်​တော်​ကို ငါ​တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​တော်​မူ​ပြီ။

မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊

ထို​အ​ခါ နိုင်​ငံ​တော်​စည်း​စိမ်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို အ​ရက်​တစ်​ရာ​ရှစ်​ဆယ်​ပတ်​လုံး ပြ​တော်​မူ၏။

ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဧ​သ​တာ​ပွဲ​ဟူ၍ ကြီး​သော​ပွဲ​ကို မှူး​တော်​မတ်​တော် ကျွန်​တော်​တို့​အ​ဖို့ လုပ်​သ​ဖြင့်၊ နိုင်​ငံ​တော်​တိုင်း​ပြည်​တို့​ကို မင်း​မှု​လွှတ်၍၊ စည်း​စိမ်​တော်​နှင့်​လျော်​စွာ ဆု​ချ​တော်​မူ၏။

ထို​ကြောင့် အာ​ရွှေ​ရု​နန်း​စံ​ဆယ်​နှစ်​နှစ်၊ နိ​သန် အ​မည်​ရှိ​သော ပ​ထ​မ​လ​တွင်၊ နေ့​ရက်​အ​စဉ်၊ လ​အ​စဉ် အ​တိုင်း​လိုက်၍၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ​တိုင်​အောင်၊ ဟာ​မန်​ရှေ့​မှာ ပု​ရ​စာ​ရေး​တံ​ချ​ကြ၏။

ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။

မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။

တစ်​ရံ​ရော​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် မှူး​မတ်​တစ်​ထောင်​ကို ခေါ်​ပြီး​လျှင် ကြီး​စွာ​သော​ပွဲ​ကို လုပ်၍၊ မှူး​မတ်​တစ်​ထောင်​နှင့်​တ​ကွ စ​ပျစ်​ရည်​ကို သောက်​တော်​မူ၏။

ဖေ​ရက်၏ အ​နက်​ဓိ​ပ္ပာယ်​ကား၊ နိုင်​ငံ​တော်​ကို​ခွဲ​ဝေ၍ မေ​ဒိ​လူ၊ ပေ​ရ​သိ​လူ​တို့​အား အပ်​ပေး​တော်​မူ၏​ဟု ဆို​လို​သ​တည်း​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

ဒါ​ရိ​မင်း​ကြီး​သည် နိုင်​ငံ​တော် အ​မှု​အ​ရေး​အ​လုံး​စုံ​တို့​ကို စီ​ရင်​ရ​သော မြို့​ဝန်​တစ်​ရာ​နှစ်​ဆယ် တို့​ကို​လည်း​ကောင်း၊

ချို​နှစ်​ချောင်း​နှင့် ပေါ်​လာ​သော​သိုး​သည် မေ​ဒိ​ရှင်​ဘု​ရင်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဖြစ်၏။

ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ