Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 7:11

Judson Bible

ယေ​ရော​ဗောင်​သည် ဓား​ဖြင့် သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မုတ်​ဆို​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။

သူ​တို့​သည် နေ့​တိုင်း ငါ့​စ​ကား​ကို အ​လွဲ​ယူ​ကြ၏။ ငါ၌​မ​ကောင်း​သော​အ​ကြံ​ကို​သာ ကြံ​စည်​ကြ၏။

ဤ​အိမ်​တော်​သည် ရှိ​လော​ရွာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ဤ​မြို့​သည် လူ​မ​ရှိ၊ ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ အ​ဘယ်​ကြောင့် ဟော​သ​နည်း​ဟု ပြော​ဆို​လျက်၊ လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​တွင် ယေ​ရ​မိ​တစ်​ဖက်၌ စု​ဝေး​ကြ၏။

ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မင်း​များ​တို့​သည် ကြား​လျှင်၊ အ​ချင်း​ချင်း ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ ငါ​တို့​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်​ဆက် ကြား​လျှောက်​ရ​မည်​ဟု ဗာ​ရုတ်​ကို ဆို​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊

ထို​အ​ခါ ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ် အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​ထံ​သို့​စေ​လွှတ်၍၊ အာ​မုတ်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​လယ်​တွင် ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ပါ​ပြီ။ သူ၏​စ​ကား​အ​လုံး​စုံ​တို့​ကို ပြည်​တော်​သည် မ​ခံ​နိုင်​ပါ။

အာ​မုတ်​ကို​လည်း ခေါ်၍၊ အို ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သို့ ပြေး​သွား​လော့။ ထို​ပြည်​မှာ ပ​ရော​ဖက်​ပြု၍ အ​သက်​မွေး​လော့။

ဣ​ဇာက်၏ မြင့်​ရာ​အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ဣ​သ​ရေ​လ၏ သန့်​ရှင်း​ရာ​အ​ရပ်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်​ရှိ​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​မင်း​မျိုး​ကို​လည်း ဓား​နှင့် ငါ​တိုက်​မည်​ဟု မိန့်​တော်​မူ၏။

ချစ်​ဖွယ်​သော သင်၏​သား​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ သူ​တို့​အ​တွက် သင်​သည် ခေါင်း​ပြောင်​အောင် ဆံ​ပင်​ကို​ရိတ်၍ နေ​လော့။ ရွှေ​လင်း​တ​ကဲ့​သို့ ကျယ်​စွာ​သော ခေါင်း​ပြောင်​ခြင်း​ကို ပြု​လော့။

ဤ​သူ​က ငါ​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​နိုင်​သည်​ဟု ပြော​ပါ​သည်​ဟု သက်​သေ​ခံ​ကြ၏။-

ထို​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို ဖျက်​ဆီး၍၊ ငါ​တို့​အား မော​ရှေ​အပ်​ပေး​သော ထုံး​နည်း​ဥ​ပ​ဒေ​ကို ပြောင်း​လဲ​စေ​မည်​ဟု ဤ​သူ​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ