Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 7:10

Judson Bible

ထို​အ​ခါ ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ် အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​ထံ​သို့​စေ​လွှတ်၍၊ အာ​မုတ်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​လယ်​တွင် ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ပါ​ပြီ။ သူ၏​စ​ကား​အ​လုံး​စုံ​တို့​ကို ပြည်​တော်​သည် မ​ခံ​နိုင်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။

ထို​နောက်​မှ ယေ​ရော​ဗောင်​သည် မိ​မိ​အ​ဓ​မ္မ​လမ်း​ကို မ​ရှောင်။ သာ​မ​ည​လူ​တို့​ကို မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ထပ်၍​ခန့်​ထား၏။ ယဇ်​ပု​ရော​ဟိတ်​လုပ်​ချင်​သော​သူ​ရှိ​သ​မျှ​ကို ချီး​မြှောက်​သ​ဖြင့်၊ သူ​တို့​သည် မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ် ဖြစ်​ကြ၏။

တွေ့​မြင်​သော​အ​ခါ၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​သော​သူ​မှန်​သ​လော​ဟု​မေး​လျှင်၊

သူ​တို့​က​လည်း လာ​ကြ။ ယေ​ရ​မိ​တစ်​ဖက်၌ ကြံ​စည်​ကြ​ကုန်​အံ့။ ယဇ်​ပု​ရော​ဟိတ်​သည် တ​ရား​အ​မှု၌​လည်း​ကောင်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​ကြံ​ပေး​ခြင်း​အ​မှု၌​လည်း​ကောင်း၊ ပ​ရော​ဖက်​သည် ဟော​ပြော​ခြင်း​အ​မှု၌​လည်း​ကောင်း အ​ရှုံး​မ​ခံ​ရ။ လာ​ကြ။ ယေ​ရ​မိ​ကို လျှာ​နှင့်​ရိုက်​ကြ​ကုန်​အံ့။ သူ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ကုန်​အံ့​ဟု​ဆို​ကြ၏။

ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မင်း​များ​တို့​သည် ကြား​လျှင်၊ အ​ချင်း​ချင်း ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ ငါ​တို့​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်​ဆက် ကြား​လျှောက်​ရ​မည်​ဟု ဗာ​ရုတ်​ကို ဆို​ကြ၏။

ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​တို့​ကို စစ်​ကြော​သော​နေ့၌၊ ဗေ​သ​လ​ယဇ်​ပ​လ္လင်​တို့​ကို ငါ​စစ်​ကြော​လျက်၊ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ဖြတ်၍ မြေ​ပေါ်​သို့​ချ​မည်။

မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။

ဗေ​သ​လ​မြို့​ကို မ​ရှာ​ကြ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ဝင်​ကြ​နှင့်။ ဗေ​ရ​ရှေ​ဘ​မြို့​သို့ မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဂိ​လ​ဂါ​လ​မြို့​သည် ဆက်​ဆက် သိမ်း​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဗေ​သ​လ​မြို့​သည်​လည်း၊ အ​ကျိုး​နည်း ရှိ​ရ​လိမ့်​မည်။

ယေ​ရော​ဗောင်​သည် ဓား​ဖြင့် သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မုတ်​ဆို​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။

ဗိ​မာန်​တော်​သို့ ဝင်​ပြန်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ပြု​သ​နည်း။ ထို​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-

ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-

နာ​ဇ​ရက်​ဘာ​သာ​ဝင်​သူ​တို့​တွင် အ​ကြီး​လုပ်၍ အ​ရပ်​ရပ်​တို့၌ ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ထ​စေ​ခြင်း​ငှာ နှိုး​ဆော်​သော ဤ​လူ​ဆိုး​ကို အ​ကျွန်ုပ်​တို့​သည် တွေ့​ကြ​ပါ​ပြီ။-

ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-

ထို​စ​ကား​ကို​ကြား​လျှင် နှ​လုံး​ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ သ​တေ​ဖန်၌ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​ကြ​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ