Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 5:16

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခပ်​သိမ်း​သော​လမ်း​တို့၌ မြည်​တမ်း​ခြင်း​ရှိ၍ သွား​လာ​သော​သူ​တို့​က၊ အ​လို​လေး၊ အ​လို​လေး​ဟု ဆို​ကြ​လိမ့်​မည်။ လယ်​လုပ်​သော​သူ​သည် ညည်း​တွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြည်​တမ်း​တတ်​သော​သူ​သည် ငို​ကြွေး​မြည်​တမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ခေါ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။

ငို​ကြွေး​သော​အ​သံ​သည် မော​ဘ​ပြည်​ကို နှံ့​ပြား​လေ၏။ ညည်း​တွား​မြည်​တမ်း​သော အ​သံ​သည် ဧ​ဂ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဗေ​ရ​ဧ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း ရောက်​လေ၏။

ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊

ငါ​သည် ထိတ်​လန့်​ခြင်း​စ​ကား​သံ​ကို ကြား​ရ၏။ ငြိမ်​သက်​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ဖွယ်​သော အ​ကြောင်း​သာ ရှိ၏။

အ​ကယ်​စင်​စစ် သား​ဖွား​သော​မိန်း​မ​ညည်း​သံ၊ သား​ဦး​ဖွား​သော မိန်း​မ၏​ဝေ​ဒ​နာ​ခံ​ရာ​အ​သံ​ကဲ့​သို့၊ ဇိ​အုန်​သ​တို့​သ​မီး အော်​ဟစ်​သံ​ကို ငါ​ကြား​ရ၏။ ထို​သ​တို့​သ​မီး​က၊ အ​ကျွန်ုပ်​သည် အ​မင်္ဂ​လာ​ရှိ​ပါ၏။ လူ​သတ်​များ​ကြောင့်၊ အ​ကျွန်ုပ်​စိတ်​ပျက်​ပါ၏​ဟု မိ​မိ​လက်​ဝါး​ကို​ဖြန့်၍ ငို​ကြွေး​လျက်​နေ၏။

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

သူ​တို့​မ​သိ၊ ဘိုး​ဘေး​မ​သိ​ဖူး​သော​လူ​မျိုး​တို့​တွင် အ​ရပ်​ရပ်၌​ကွဲ​ပြား​စေ​မည်။ ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ သူ​တို့​နောက်​သို့ ဓား​ဘေး​ကို စေ​လွှတ်​မည်။

ထို​ကြောင့်၊ ပြည်​သည် ငြို​ငြင်​လိမ့်​မည်။ ပြည်​သား​အ​ပေါင်း​တို့​နှင့် တ​ကွ၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ပင်​လယ်​ငါး​တို့​သည်​လည်း ကုန်​ကြ​လိမ့်​မည်။

လယ်​လုပ်​သော​သူ​တို့၊ လယ်၌ ရိတ်​ရ​သော အ​သီး​အ​နှံ​ပျက်​သော​ကြောင့်၊ ဂျုံ​စ​ပါး​နှင့် မု​ယော​စ​ပါး​အ​တွက် ရှက်​ကြောက်​ခြင်း ရှိ​ကြ​လော့။ ဥ​ယျာဉ်​ကို ပြု​စု​သော​သူ​တို့၊ မြည်​တမ်း​ကြ​လော့။

အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား​ကြ​လော့။ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စည်း​ဝေး၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​လော့။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

အ​သက်​ငယ်​စဉ် လက်​ထပ်​သော ခင်​ပွန်း​အ​တွက် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​သော သ​တို့​သ​မီး​ကဲ့​သို့ ငို​ကြွေး မြည်​တမ်း​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​ကို အ​စိုး​ပိုင်​သော ဘု​ရား​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​တို့​သည်​နား​ထောင်၍ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ထို​ကြောင့်၊ သင်​တို့​ကို ဒ​မာ​သက်​မြို့​တစ်​ဖက်​သို့ သိမ်း​သွား​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။

ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​မှု​ကြောင့် ငါ​သည် ငို​ကြွေး​မြည်​တမ်း​မည်။ အ​ဝတ်​ကို​ချွတ်၍ အ​ချည်း​စည်း​လည်​သွား​မည်။ မြေ​ခွေး​ကဲ့​သို့ အူ​လျက်၊ ကု​လား​အုတ်​ငှက်​ကဲ့​သို့ မြည်​လျက်​နေ​မည်။

ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။

သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊ ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ဗာ​ဗု​လုန်​မြို့​ကြီး၊ မြို့​စွမ်း၊ သင်​သည် တစ်​နာ​ရီ​ချင်း​တွင် အ​ပြစ်​စီ​ရင်​ခြင်း​သို့ ရောက်​ပါ​ပြီ​တ​ကား​ဟူ၍ သူ့​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ