Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 4:6

Judson Bible

ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ဧ​လိ​ယ​သည် အာ​ဟပ်​မင်း​အား ကိုယ်​ကို​ပြ​အံ့​သော​ငှာ သွား၏။ ထို​အ​ခါ ရှ​မာ​ရိ​မြို့၌ ပြင်း​စွာ​သော အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​ခြင်း​ဘေး​ရှိ၍၊

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။

တစ်​ဖန် ဧ​လိ​ရှဲ​သည် အ​ထက်​က အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​ကို​ခေါ်၍၊ သင်​သည် အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ထ​သွား​လော့။ တည်း​ခို၍​နေ​နိုင်​သော​အ​ရပ် တစ်​စုံ​တစ်​ရပ်၌ တည်း​ခို၍​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စာ​ခေါင်း​ပါး​ရာ​ကာ​လ​ကို မှာ​လိုက်​တော်​မူ​ပြီ။ တစ်​ပြည်​လုံး၌ ခု​နစ်​နှစ်​ခေါင်း​ပါး​လိမ့်​မည်​ဟု သ​တိ​ပေး၏။

အာ​ခတ်​မင်း​ကြီး​သည် ဆင်း​ရဲ​ဒု​က္ခ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို သာ၍​ပြစ်​မှား၏။

အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ဤ​လူ​မျိုး​သည် ဒဏ်​ခတ်​တော်​မူ​သော သူ​ထံ​သို့ မ​လှည့်​မ​ပြန်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​မ​ဖွေ​တတ်။

ငါ​သည် မြို့​ပြင်​သို့​သွား​သော​အ​ခါ၊ သတ်​သော​အ​သေ​ကောင်​များ​ကို တွေ့​ရ၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ငတ်​မွတ်၍ နာ​ကျင်​စွာ​ခံ​ရ​သော​သူ​များ​ကို​လည်း တွေ့​ရ၏။ ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​သိ​ဘဲ အ​ရပ်​ရပ်​လှည့်​လည်​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်​လျက် သင်၏​ရိ​က္ခာ​ကို​ဖြတ်၍၊ သင့်​ကို​မုန်း​သော​သူ၊ သင့်​ဆိုး​ညစ်​သော အ​မှု​များ​ကြောင့် ရှက်​တတ်​သော ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့ လက်​သို့​အပ်​ရ၏။

အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။

သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို ဝန်​မ​ချ။ ငါ့​မျက်​နှာ​ကို မ​ရှာ​မီ​တိုင်​အောင် ငါ​သည် ကိုယ်​နေ​ရာ​သို့ ပြန်​သွား၍ နေ​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် ငါ့​ကို​ကြိုး​စား၍ ရှာ​ကြ​လိမ့်​မည်။

ငါ​တို့​စား​စ​ရာ​သည် ငါ​တို့​မျက်​မှောက်၌ ပြတ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဘု​ရား​သ​ခင်၏​အိမ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ကြောင်း​လည်း ပြတ်​သည် မ​ဟုတ်​လော။

ထို​သို့ ခံ​ရ​သော်​လည်း၊ သင်​တို့​သည်​သ​တိ​မ​ရ၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊

သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။

သင်​တို့ လုပ်​ဆောင်​သ​မျှ​တို့​တွင် လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ သေ​ဘေး၊ မိုး​သီး​ဘေး​ဖြင့် ငါ​သည် ဒဏ်​ခတ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

သင်​သည် များ​စွာ​သော​မျိုး​စေ့​ကို လယ်​သို့​ယူ​သွား၍ ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​သော​ကြောင့်၊ နည်း​သော​စ​ပါး​ကို သိမ်း​ရ​လိမ့်​မည်။

နောင်​တ​ရ​သင့်​သော​ကာ​လ​ကို ငါ​ပေး​သော်​လည်း၊ သူ​သည် မိ​မိ​မ​တ​ရား​သော​မေ​ထုန်​ကို နောင်​တ​ရ​ချင်​သော စိတ်​မ​ရှိ။-

တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ