Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 3:5

Judson Bible

မြေ​ပေါ်​မှာ ကျော့​ကွင်း​နှင့်​မ​ထောင်​လျှင်၊ ငှက်​ကို ကျော့​မိ​လိမ့်​မည်​လော။ ထောင်​ထား​သော​ကျော့​ကွင်း၌ အ​ဘယ်​အ​ရာ​ကို​မျှ​မ​ရ​မီ ထောင်​ထား​ရာ​အ​ရပ်​မှ နုတ်​သွား​လိမ့်​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့​ကျော့​ကွင်း​နှင့် ကြိုး​သေး​များ​ကို ဝှက်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို​ဖြန့်၍ ညွှတ်​များ​ကို​ထား​ကြ​ပါ၏။

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

ငါ​သည် သူ​တို့​ကို နုတ်​ပယ်​ဖြို​ချ မှောက်​လှန်​ဖျက်​ဆီး ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန် တည်​ဆောက် စိုက်​ပျိုး​ခြင်း​အ​မှု​ကို ပြု​ဦး​မည်​ဟု မိန့်​တော်​မူ​၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

ခြင်္သေ့​သည် ဖမ်း​စ​ရာ​မ​ရှိ​လျှင်၊ တော၌ ဟောက်​လိမ့်​မည်​လော။ ခြင်္သေ့​ပျို​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖမ်း​မိ​လျှင်၊ တွင်း​ထဲ​က အ​သံ​ပြု​လိမ့်​မည်​လော။

မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ