Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 3:4

Judson Bible

ခြင်္သေ့​သည် ဖမ်း​စ​ရာ​မ​ရှိ​လျှင်၊ တော၌ ဟောက်​လိမ့်​မည်​လော။ ခြင်္သေ့​ပျို​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖမ်း​မိ​လျှင်၊ တွင်း​ထဲ​က အ​သံ​ပြု​လိမ့်​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ခြင်္သေ့​ပျို​တို့​သည် လု​ယက်​ခြင်း​အ​လို​ငှာ​ဟောက်၍၊ ဘု​ရား​သ​ခင့်​ထံ​မှာ အ​စာ​ကို ရှာ​ကြ​ပါ၏။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ငါ​သည် ဧ​ဖ​ရိမ်၌ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး၌ ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်။ ငါ​သည် ကိုယ်​တိုင်​ကိုက်​ဖြတ်၍ သွား​မည်။ ချီ​သွား၍ အ​ဘယ်​သူ​မျှ မ​နုတ်​ရ။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သော​ကြောင့်၊ သိုး​ထိန်း​နေ​ရာ​တို့​သည် ညှိုး​ငယ်၍၊ က​ရ​မေ​လ​တောင်​ထိပ်​သည် နွမ်း​ရိ​လိမ့်​မည်။

လူ​နှစ်​ဦး​သည် သ​ဘော​မ​တူ​လျှင်၊ ပေါင်း​ဖော်၍ ခ​ရီး​သွား​နိုင်​သ​လော။

မြေ​ပေါ်​မှာ ကျော့​ကွင်း​နှင့်​မ​ထောင်​လျှင်၊ ငှက်​ကို ကျော့​မိ​လိမ့်​မည်​လော။ ထောင်​ထား​သော​ကျော့​ကွင်း၌ အ​ဘယ်​အ​ရာ​ကို​မျှ​မ​ရ​မီ ထောင်​ထား​ရာ​အ​ရပ်​မှ နုတ်​သွား​လိမ့်​မည်​လော။

ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ