အာမုတ် 2:4Judson Bibleတစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရား စီရင်တော်မူချက်တို့ကိုမစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဖူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ အခန်းကိုကြည့်ပါ။ |
သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရုရှလင်မြို့ တံခါးများသို့မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကိုမီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။
သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။