Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 2:3

Judson Bible

မော​ဘ​ပြည်​အ​လယ်၌ တ​ရား​သူ​ကြီး​ကို ငါ​ပယ်​ဖြတ်၍၊ သူ​နှင့်​တ​ကွ မှူး​မတ်​အ​ပေါင်း​တို့​ကို ကွပ်​မျက်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ အား​ကြီး​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။

သူ​တို့၏​အ​ကဲ​အ​မှူး​တို့​သည် ကျောက်​တွင်း​နား​မှ​လွတ်၍၊ အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​ရ​ကြ​ပါ၏။ ထို​စ​ကား​လည်း ချို​ပါ၏။

သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။

မင်း​တို့​ကို ရှုတ်​ချ၍၊ မြေ​ကြီး​တ​ရား​သူ​ကြီး​တို့​ကို အ​န​တ္တ​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​သော​သူ​ပေ​တည်း။

မော​ဘ၏​ဦး​ချို​သည် ပြတ်​လေ​ပြီ။ သူ၏​လက်​ရုံး​သည် ကျိုး​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင်​သည် မိ​မိ​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ​ကို ကိုး​စား​သော​ကြောင့်၊ သူ​တစ်​ပါး​လက်​သို့ ရောက်​ရ​လိမ့်​မည်။ ခေ​မု​ရှ​ဘု​ရား​ကို​လည်း သူ၏​မင်း၊ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် တ​ကွ သိမ်း​သွား​ကြ​လိမ့်​မည်။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊

မြင်း​သည် ကျောက်​ပေါ်​မှာ ပြေး​တတ်​သ​လော။ လူ​သည် ကျောက်​ပေါ်​မှာ နွား​နှင့် ထွန်​တတ်​သ​လော။ သင်​တို့​သည်​တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ခါး​စွာ​သော သစ်​ရွက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို ဒေါ​န​ရွက် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သည်​တ​ကား။

ထို​အ​ရာ​ကို ငါ​မြင်၏။ သို့​သော်​လည်း ယ​ခု​မ​ဖြစ်​ရ​သေး။ ထို​အ​ရာ​ကို ငါ​ရှု၏။ သို့​သော်​လည်း ဖြစ်​ရ​သော​အ​ချိန်​မ​နီး​သေး။ ကြယ်​တစ်​လုံး​သည် ယာ​ကုပ်​အ​မျိုး၌ ပေါ်​ထွန်း၍၊ ရာ​ဇ​လှံ​တံ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ထင်​ရှား​လိမ့်​မည်။ မော​ဘ​ပြည်​စွန်း​တိုင်​အောင် ထိ​ခိုက်၍ မ​ငြိမ်​မ​ဝပ် ရုန်း​ရင်း​ခတ်​ပြု​တတ်​သော သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ