ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော်မူ၏။
ကိုယ်တော်သည် သမုဒ္ဒရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့်၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ။
မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။
နှာခေါင်းတော်လေအားဖြင့် ရေသည်စုဝေး၍၊ စီးသောရေသည်ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည်တောင့်မာလျက်နေရ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင်ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ကို အမျက်ထွက်တော်မူသလော။ မြစ်များတစ်ဖက်၌ စိတ်ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။