Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 3:16

Judson Bible

ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ည​အ​ခါ ငါ့​အ​ရိုး​တို့​သည် အ​လွန်​ကိုက်​ခဲ၍၊ ငါ့​အ​ကြော​တို့​သည် သက်​သာ​ခြင်း မ​ရှိ​ရ​ကြ။

အ​ဆင်း​မည်း​လျက် အ​ရိုး​ပူ​လောင်​လျက်​ရှိ၏။

ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။

သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။

ကျန်း​မာ​သော​နှ​လုံး​သည် ကိုယ်​အ​သက်​ရှင်​စေ​သော​အ​ကြောင်း၊ ငြူ​စူ​သော​သ​ဘော​မူ​ကား၊ အ​ရိုး​ဆွေး​မြေ့​ခြင်း​အ​ကြောင်း ဖြစ်၏။

ထို​ကြောင့်၊ ငါ​သည် ခါး​နာ​လှ၏။ သား​ဖွား​သော မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ၏။ နား​မ​ကြား​နိုင်​အောင် ပြင်း​ထန်​စွာ​ခံ​ရ၏။ မျက်​စိ​မ​မြင်​နိုင်​အောင် မှိုင်​တွေ​လျက်​ရှိ၏။

ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။

အ​လို​လေး၊ ထို​နေ့​ရက်​ကား ခိုင်း​နှိုင်း​စ​ရာ​မ​ရှိ။ ကြီး​သော​နေ့​ရက်​ဖြစ်၏။ ယာ​ကုပ်​အ​မျိုး၌ အ​မှု​ရောက်​သော နေ့​ရက်​ဖြစ်၏။ သို့​ရာ​တွင်၊ သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို တိုက်​စေ​ဖို့ လူ​တစ်​မျိုး​ကို ဝေး​သော​အ​ရပ်​က ငါ​ဆောင်​ခဲ့​မည်။ အား​ကြီး​သော​အ​မျိုး၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မျိုး၊ သူ​တို့​စ​ကား​ကို သင်​မ​သိ နား​မ​လည်​သော​အ​မျိုး ဖြစ်​လိမ့်​မည်။

အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပင်​ပန်း​ပါ၏။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ​ပါ၏။ နှ​လုံး​မှောက်​လျက် ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ပြင်​မှာ ဓား​ဘေး​နှင့် တွေ့​ရ​ပါ​ပြီ။ အ​တွင်း၌​လည်း သေ​မင်း​နေ​သ​ကဲ့​သို့ ရှိ​ပါ၏။

ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။

ငါ​မူ​ကား၊ တစ်​ယောက်​တည်း​နေ​ရစ်၍ ထို​ကြီး​စွာ​သော ရူ​ပါ​ရုံ​ကို​မြင်​ရ​လျှင်၊ ခွန်​အား​လျော့၍ မျက်​နှာ​ပျက်​လျက်၊ ကိုယ်၌ အ​စွမ်း​သ​တ္တိ အ​လျှင်း​မ​ရှိ ဖြစ်​လေ၏။

သို့​ရာ​တွင်၊ ထို​သူ၏​စ​ကား​သံ​ကို ငါ​ကြား၏။ ကြား​သော​အ​ခါ မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက် နေ၏။

ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် မော၍ နာ​လျက်​နေ၏။ တစ်​ဖန် အ​နာ​မှ​ထ​မြောက်၍ ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။ မြင်​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​အံ့​ဩ​သော်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။

သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ