ဟဗက္ကုတ် 2:1Judson Bibleငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့မိန့်တော်မူမည်ကိုလည်းကောင်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကိုလည်းကောင်း ငါစောင့်၍ နေစဉ်တွင်၊ အခန်းကိုကြည့်ပါ။ |
ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သောသူသည် ရပ်လျက်၊ ယေဟုနှင့်လိုက်လာသော အလုံးအရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင်သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှာသွား၍ ငြိမ်သက်ခြင်းရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီးသူရဲတစ်ယောက်ကို စေလွှတ်သည်အတိုင်း၊
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကိုဆွေးနွေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသောသူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါသနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။