သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်းလောင်းရပါမည်လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။
လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊ အစဉ်မပြတ် ညှဉ်းဆဲခြင်းကိုပြုသော အဓမ္မလူတို့၏ တောင်ဝှေးကိုလည်းကောင်း၊
ထိုသို့ အစိုးရသောသူတို့၏ ရာဇလှံတံကိုလည်းကောင်း၊ ထာဝရဘုရားချိုးတော်မူပြီ။
တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကိုချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ်မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဖွယ်သောအခြင်းအရာနှင့် ဖျက်ဆီးသောအပြစ်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။