Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 1:11

Judson Bible

ထို​နောက် သူ​တို့​သည် သ​ဘော​ပြောင်း​လဲ​လျက် လွန်​ကျူး၍ အ​ပြစ်​ခံ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​တန်​ခိုး​သည် မိ​မိ​တို့​ဘု​ရား ဖြစ်​လေ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

ထို​မင်း​က၊ ငါ​သည် ကိုယ်​လက်​ရုံး​သ​တ္တိ​နှင့် ကိုယ်​ဉာဏ်​အား​ဖြင့် ငါ​တတ်​နိုင်၏။ ပ​ညာ​သ​တိ​နှင့် ငါ​ပြည့်​စုံ၏။ လူ​မျိုး​နေ​ရာ အ​ပိုင်း​အ​ခြား​တို့​ကို ငါ​ရွှေ့​ပြီ။ သူ​တို့၏​ဘ​ဏ္ဍာ​ကို​လု​ယူ​ပြီ။ ဘု​ရင်​တို့​ကို သူ​ရဲ​ကဲ့​သို့​နှိမ့်​ချ​ပြီ။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​သေ​ကောင်​တို့​သည် လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​လည်း​ကောင်း၊ သိမ်း​သူ​မ​ရှိ၊ ရိတ်​သော​သူ​နောက်​မှာ ကျန်​ရစ်​သော​ကောက်​လှိုင်း​ကဲ့​သို့​လည်း​ကောင်း ကျ​နေ​ကြ​လိမ့်​မည်​ဟု ကြား​ပြော​လော့။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။

မာန်​မာ​န​စိတ်​နှင့် ထောင်​လွှား​စော်​ကား​ခြင်း ရှိ​သော​အ​ခါ၊ ဘုန်း​တန်​ခိုး​ကွယ်​ပျောက်၍ နန်း​တော်​မှ​ကျ၏။

မိ​မိ​ကျွန်​အား ယဇ်​ပူ​ဇော်၍၊ မိ​မိ​ပိုက်​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။ အ​ကြောင်း​မူ​ကား၊ ထို​တန်​ဆာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၍ ဝ​စွာ​စား​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ