Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟ​ဗက္ကုတ် 1:12

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ တည်​တော်​မူ​သည်​မ ဟုတ်​လော။ သို့​ဟုတ်​လျှင်၊ အ​ကျွန်ုပ်​တို့​သည် သေ​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို စစ်​ကြော​စေ​ခြင်း​ငှာ သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ အို ကျောက်​ထ​ရံ၊ ဆုံး​မ​စေ​ခြင်း​ငှာ သူ​တို့​ကို နေ​ရာ​ချ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

48 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်၌ မန်​ကျည်း​ပင်​ကို​စိုက်၍၊ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​ပ​တ္ထ​နာ​ပြု​လေ၏။

ငါ​သည် အ​ထက်​က​ဤ​အ​မှု​ကို​စီ​ရင်​ကြောင်း​နှင့် ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည်​မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ​ဖြစ်​စေ​သော​သူ​ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။

ငါ​လျှောက်​သော​အ​ချက်​ဟူ​မူ​ကား၊ အို အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အ​သက်​ပျို​စဉ်​ပင် ပယ်​ရှား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​နှစ်​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မြဲ​ကြ​ပါ၏။

ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို​အ​မှီ​ပြု၍ ဝမ်း​မြောက်​စေ။ ဇိ​အုန်​သား​တို့​သည် မိ​မိ​တို့​ရှင်​ဘု​ရင်​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​စေ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ​မှ​စ၍၊ ကယ်​တင်​တော်​မူ​ခြင်း​ကို မြေ​အ​လယ်၌​ပြု​သော ငါ​တို့၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

တောင်​များ​ကို မ​ဖော်၊ မြေ​ကြီး​နှင့် လော​က​ဓာတ်​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ၊ ကိုယ်​တော်​သည် ရှေး​က​မ္ဘာ အ​ဆက်​ဆက်​မှ​စ၍၊ နောက်​က​မ္ဘာ အ​ဆက်​ဆက်​တိုင်​အောင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

ကိုယ်​တော်၏​ပ​လ္လင်​သည် ရှေ့​ဦး​စွာ​မှ​စ၍ တည်​ပါ၏။ ကိုယ်​တော်​သည် ရှေး​ကာ​လ​မှ​စ၍ အ​စဉ်​အ​မြဲ ဖြစ်​တော်​မူ၏။

စစ်​ကူ​တောင်း​အံ့​သော​ငှာ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍၊ မြင်း​တို့​ကို အ​မှီ​ပြု​လျက် များ​စွာ​သော ရ​ထား​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ခို​လှုံ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​မျှော်​လင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဘဲ​နေ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။

ငါ​သည်​အ​ထက်​က ဤ​အ​မှု​ကို စီ​ရင်​ကြောင်း​နှင့်၊ ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည် မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ ဖြစ်​စေ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။

ငါ​သည် သင်​တို့၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဖန်​ဆင်း​သော​ဘု​ရား၊ သင်​တို့၏​ရှင်​ဘု​ရင်​ဖြစ်၏။

ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ၍၊ ထို​အ​မျိုး၏ သန့်​ရှင်း​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘယ်​သူ​မျှ မ​နှစ်​သက်၊ တစ်​ပြည်​လုံး ရွံ​ရှာ​ဖွယ်​ဖြစ်၍၊ မင်း​ထံ၌ ကျွန်​ခံ​ရ​သော​သူ​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ သင့်​ကို ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ကျေး​ဇူး​တော်​ကြောင့်၊ ရှင်​ဘု​ရင်​တို့​သည် မြင်၍ ထ​ကြ​လိမ့်​မည်။ မင်း​သား​တို့​သည်​လည်း ကိုး​ကွယ်​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး ပျက်​စီး​ရာ​ဖြစ်​လိမ့်​မည်။ ပျက်​စီး​ခြင်း​ကို ငါ​မ​ဆီး​တား၊

ငါ့​ကျွန်​ယာ​ကုပ် မ​ကြောက်​နှင့်။ သင်​နှင့်​အ​တူ ငါ​ရှိ၏။ သင့်​ကို ငါ​နှင်​ထုတ်​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ​သည်​ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ ရှင်း​ရှင်း​အ​ပြစ်​မ​လွှတ်​ဘဲ အ​တော်​အ​တန်​ဆုံး​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ ထို​ကာ​လ၌ ငါ​သည် သင်၏​အ​မှု​ကို မ​ဆုံး​ဖြတ်​သေး​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​အ​မြဲ​တည်​တော်​မူ၏။ ပ​လ္လင်​တော်​သည်​လည်း ထာ​ဝ​ရ​ပ​လ္လင်​ဖြစ်​ပါ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​လက်​ရုံး​တို့​ကို ငါ​ခိုင်​မာ​စေ​မည်။ ဖာ​ရော​ဘု​ရင်၏​လက်​မူ​ကား၊ အောက်​သို့​ကျ​လိမ့်​မည်။ ငါ့​ဓား​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်၌ ငါ​အပ်၍၊ သူ​သည် အဲ​ဂု​တ္တ​ပြည်​ကို ထို​ဓား​နှင့်​ခုတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။

ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ပြောင်း​လဲ​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ယာ​ကုပ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ကြ။

သန့်​ရှင်း​ဖြောင့်​မတ်​တော်​မူ​သော သ​ခင်​ကို​ငြင်း​ပယ်၍၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ် ရှိ​သော​သူ​တစ်​ယောက်​ကို ရ​မည်​အ​ကြောင်း တောင်း​ပန်​သ​ဖြင့်၊-

ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ရှေ့​ဦး​စွာ​သော​ဘု​ရား​သ​ခင်​သည် သင့်​ခို​လှုံ​ရာ​ဖြစ်၍၊ နိ​စ္စ​ထာ​ဝ​ရ လက်​ရုံး​တော်​ဖြင့် သင့်​ကို​ထောက်​မ​တော်​မူ၏။ ရန်​သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်၍ သူ​တို့​ကို​ဖျက်​ဆီး​သော​အ​ခွင့် ပေး​တော်​မူ​မည်။

လော​က​ဓာတ်​တို့၏ ဘု​ရင်​တည်း​ဟူ​သော၊ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ထ​သော၊ မျက်​မြင်​မ​ရ၊ အ​ရူ​ပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။-

မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-

ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း။ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ