Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:3

Judson Bible

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​သင်၏​သား ရှာ​ယာ​ရှုပ်​နှင့် အ​တူ​သွား၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ အာ​ခတ်​မင်း​ကို ကြို​ဆို၍​တွေ့​လျှင်၊ ဆင့်​ဆို​ရ​မည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​ဆယ်​ခု​နစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​သား အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်​နန်း​ထိုင်၍၊

နောက်​တစ်​ဖန် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် တာ​တန်၊ ရာ​ဗ​သာ​ရိတ်၊ ရာ​ဗ​ရှာ​ခ​တို့​ကို များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရောက်​သော​အ​ခါ၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ​ကြ၏။

ဟေ​ဇ​ကိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ ရေ​ကန်​နှင့် ရေ​ပြွန်​ကို​လုပ်၍ မြို့​ထဲ​သို့​ရေ​ကို ဆောင်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။

သူ့​နောက်​မှ ဗက်​ဇု​ရ​မြို့​တစ်​ပိုင်း​ကို​အုပ်​သော အာ​ဇ​ဗုတ်​သား နေ​ဟ​မိ​သည်၊ ဒါ​ဝိဒ်​သင်္ချိုင်း တစ်​ဖက်​တစ်​ချက်​မှ​စ၍၊ နောက်​လုပ်​သော ရေ​ကန်​နှင့် ဗိုလ်​မင်း​အိမ်​တိုင်​အောင် ပြင်၏။

နံ​နက်​အ​ချိန်၌ ဖာ​ရော​ဘု​ရင်​ထံ​သို့​သွား​လော့။ သူ​သည် ရေ​ဆိပ်​သို့ သွား​လိမ့်​မည်။ သူ​မ​ရောက်​မီ သင်​သည် မြစ်​ကမ်း​နား​မှာ​ရပ်​နေ​လော့။ မြွေ​ဖြစ်​သော လှံ​တံ​ကို​လည်း လက်​တွင်​ကိုင်​လော့။

ကြွင်း​သော​သူ​တည်း​ဟူ​သော၊ ယာ​ကုပ်​အ​မျိုး၌ ကြွင်း​သော​သူ​တို့​သည် တန်​ခိုး​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။

ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အိမ်​များ​ကို ရေ​တွက်​ကြ​လိမ့်​မည်။ မြို့​ရိုး​ကို​ပြု​ပြင်​လို​သော​ငှာ၊ အိမ်​များ​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။

ရေ​ကန်​ဟောင်း​မှ ထွက်​သော​ရေ စု​ဝေး​ရာ​ကို​လည်း၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား​တွင် လုပ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဤ​အ​မှု​ကို စီ​ရင်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ကြည့်​မ​မှတ်​တတ်​ကြ။ ရှေး​က​ဖန်​ဆင်း​တော်​မူ​သော​သူ​ကို ပ​မာ​ဏ​မ​ပြု​တတ်​ကြ။

ရာ​ဗ​ရှာ​ခ​ကို​ခန့်​ထား၍ များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​လေ၏။ ထို​ဗိုလ်​ချုပ်​မင်း​သည်​ရောက်၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ၏။

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​သို့​သွား၍ ဆင့်​ဆို​ရ​မည်​မှာ၊

ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ