Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:2

Judson Bible

ရှု​ရိ​ပြည်​သည် ဧ​ဖ​ရိမ်​ပြည်​ကို အ​မှီ​ပြု​သည်​ဟု ဒါ​ဝိဒ်​မင်း​မျိုး​ကြား​သော​အ​ခါ၊ တော၌​သစ်​ပင်​တို့​သည် လေ​ကြောင့်​လှုပ်​ရှား​သ​ကဲ့​သို့၊ မင်း​ကြီး၏​နှ​လုံး​နှင့် ပြည်​သား​တို့၏​နှ​လုံး​သည် တုန်​လှုပ်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။

ငါ့​ကျွန်​ဒါ​ဝိဒ်​အ​တွက် ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင်၊ ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့​အ​တွက် ရှော​လ​မုန်​သည် တစ်​ခ​ရိုင်​ကို ယူ​ရ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​လျက်၊ အို​ယဇ်​ပ​လ္လင်၊ ယဇ်​ပ​လ္လင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​မျိုး၌ ယော​ရှိ​အ​မည်​ရှိ​သော​သူ​ကို ဖွား​မြင်​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မြင့်​သော​အ​ရပ်၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော​သူ​တို့​ကို ထို​သူ​သည် သင့်​အ​ပေါ်​မှာ​ပူ​ဇော်၍၊ လူ​သေ​အ​ရိုး​တို့​ကို​မီး​ရှို့​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ထို​အ​ခါ အာ​မ​ဇိ​သည် ဧ​ဖ​ရိမ်​ပြည်​မှ​ရောက်​လာ​သော စစ်​သူ​ရဲ​တို့​ကို ခွဲ​ထား၍၊ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​အ​မျက်​ထွက်၍ ယု​ဒ​ပြည်​သား​တို့၌ အ​ငြိုး​ထား​လျက်၊ မိ​မိ​တို့ နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊

မ​တ​ရား​သော​သူ​တို့​သည် သ​ဘော​ဖြောင့်​သော သူ​တို့​ကို မ​ထင်​မ​ရှား​ပစ်​အံ့​သော​ငှာ လေး​ကို​တင်၍၊ လေး​ညှို့​ပေါ်​မှာ မြား​ကို​ပြင်​ကြ၏။ အမှီ​တံ​ကဲ​တို့​သည် ပျက်​လျှင် ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ငါ့​ဝိ​ညာဉ်​အား သင်​သည်​ငှက်​သ​ကဲ့​သို့ ကိုယ်​နေ​ရာ​တောင်​ပေါ်​သို့ ပြေး​ချေ​ဟု အ​ဘယ်​ကြောင့် ပြော​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

ဧ​ဖ​ရိမ်​အ​မျိုး​သည် ငြူ​စူ​သော​စိတ်​ငြိမ်း​လိမ့်​မည်။ ရန်​ပြု​တတ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ ရန်​ပြေ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​ကို​မ​ငြူ​စူ​ရ။ ယု​ဒ​အ​မျိုး​လည်း ဧ​ဖ​ရိမ်​အ​မျိုး​ကို ရန်​မ​ပြု​ရ။

ဒါ​ဝိဒ်​မင်း​မျိုး၏​တံ​ခါး​သော့​ကို သူ၏​ပ​ခုံး​ပေါ်​မှာ ငါ​တင်​ထား​သ​ဖြင့်၊ သူ​သည် အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​လိမ့်​မည်။

ထို​ကြောင့်၊ မြို့​သား​တို့​သည် အား​နည်း​ကြ၏။ မှိုင်​တွေ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ တော​မြက်​ပင်​နှင့် စိမ်း​သော​စ​ပါး​ပင် ကဲ့​သို့​လည်း​ကောင်း၊ အိမ်​မိုး​ပေါ်​မှာ ပေါက်​သော မြက်​ပင်​နှင့်၊ မ​ကြီး​မီ​ညှိုး​နွမ်း​သော စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း​ထောက်၍၊ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ဟေ​ရှာ​ယ​က၊ အို​ဒါ​ဝိဒ်​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် လူ​ကို ငြီး​ငွေ့​စေ​သည်​သာ​မ​က၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို​ငြီး​ငွေ့​စေ​ကြ​မည်​လော။

ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။

ရှု​ရိ​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ ရေ​မ​လိ​သား​တို့​က၊ ငါ​တို့​သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်​ယူ၍ ပြည်​အ​လယ်​မှာ တ​ဗာ​လ၏​သား​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြ​ကုန်​အံ့​ဟု သင့်​ဘက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သော်​လည်း၊

သင်း​ဖွဲ့​ခြင်း​ဟု၊ ဤ​လူ​မျိုး​ဆို​သ​မျှ​အ​တိုင်း၊ သင်​တို့​သည် သင်း​ဖွဲ့​ခြင်း​ဟု မ​ဆို​ကြ​နှင့်။ သူ​တို့​ကြောက်​တတ်​သော​အ​ရာ​ကို မ​ကြောက်​ကြ​နှင့်။ မ​ထိတ်​လန့်​ကြ​နှင့်။

အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။

အို ဒါ​ဝိဒ်​မင်း​ကြီး​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​ဆိုင်း​မ​လင့်၊ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော​သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ဖြစ်၍၊ အ​ဘယ်​သူ​မျှ​မ​သတ်​နိုင်​အောင် လောင်​လိမ့်​မည်။

ဧ​ဖ​ရိမ်​သည် လေ​ကို ကျက်​စား​တတ်၏။ အ​ရှေ့​လေ​ကို လိုက်​တတ်၏။ နေ့​တိုင်း မု​သား​စ​ကား​နှင့် ပျက်​စီး​ခြင်း​အ​ကြောင်း​တို့​ကို များ​ပြား​စေ​တတ်၏။ အာ​ရှု​ရိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​နှင့်​ပင်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆီ​ကို ယူ​သွား​တတ်၏။

ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ