Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 4:1

Judson Bible

သူ​သည် လူ​ဆိတ်​ညံ​ရာ​မြေ​ပေါ်​မှာ ထိုင်​ရ​လိမ့်​မည်။ ထို​ကာ​လ၌ မိန်း​မ​ခု​နစ်​ယောက်​တို့​သည် ယောက်ျား​တစ်​ယောက်​ကို ကိုင်​ဆွဲ​လျက်၊ ကျွန်​မ​တို့​သည် ကိုယ်​မုန့်​ကို စား​ပါ​မည်။ ကိုယ်​အ​ဝတ်​ကို​လည်း ဝတ်​ပါ​မည်။ ကျွန်​မ​တို့​ကို​မောင်၏​နာ​မ​ဖြင့် သ​မုတ်​ခြင်း​သာ​ရှိ​စေ၍၊ ကျွန်​မ​တို့ ရှက်​ကြောက်​ခြင်း​ကို ပယ်​ဖျောက်​ပါ​ဟု ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်​လျှင်၊ ငါ​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည်​ပယ်​တော်​မူ​ပြီ​ဟူ၍​လည်း​ကောင်း၊

ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် တစ်​သက်​လုံး သား​ကို​မ​ဖွား​မ​မြင်​ရ။

ထို​အ​ခါ​မှ​စ၍၊ ဘေး​လွတ်​လျက်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယာ​ကုပ်​အ​မျိုး​သား​တို့​သည်၊ မိ​မိ​တို့​ကို ညှဉ်း​ဆဲ​သော​သူ၌ နောက်​တစ်​ဖန် မ​ကိုး​စား​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ အ​မှန်​ကိုး​စား​ကြ​လိမ့်​မည်။

လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။

ထို​ကာ​လ၌ လူ​သည် မိ​မိ​ကို ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဖူး​မျှော်​ရ​လိမ့်​မည်။

ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

ထို​ကာ​လ၌ လူ​တို့၏​မာ​န​ကို​ရှုတ်​ချ၍၊ လူ​တို့၏​စိတ်​မြင့်​သော​သ​ဘော​ကို နှိမ့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

ထို​ကြောင့်၊ လူ​သည် ပေါက်​ဖော်​ချင်း​ညီ​အစ်​ကို​ကို ကိုင်​ဆွဲ၍၊ သင်၌ အ​ဝတ်​ရှိ​သေး၏။ လာ​ပါ။ အ​ကျွန်ုပ်​တို့​အ​ပေါ်၌ မင်း​ပြု​ပါ။ အ​ကျွန်ုပ်​တို့ ပြို​ပျက်​ရာ​ကို​လည်း ပြု​ပြင်​ပါ​ဟု​ဆို​လျှင်၊

မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ မု​ဆိုး​မ​ဖြစ်၍ ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။

သူ​တို့​မု​ဆိုး​မ​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့် အ​မျှ​မ​က၊ ငါ့​ရှေ့​မှာ​များ​ပြား​ကြ​လိမ့်​မည်။ မွန်း​တည့်​အ​ချိန်၌ အ​မိ​ကို တိုက်​ဖျက်​သော လု​လင်​ကို​ငါ​ခေါ်​ခဲ့၍၊ ကြောက်​မက်​ဖွယ်​သော​လုပ်​ကြံ​ခြင်း​ကို ချက်​ချင်း​ဖြစ်​စေ​မည်။

ငါ​သည် လူ​တို့​တွင်​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း​ခြင်း​ငှာ ငါ့​ကို ကြည့်​ရှု​တော်​မူ​စဉ်​တွင်၊ ဤ​ကျေး​ဇူး​တော်​ကို ပြု​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ငါး​လ​ပတ်​လုံး အိမ်​တွင်း၌​အောင်း၍ နေ​လေ၏။

အ​ကြောင်း​မူ​ကား၊ ထို​နေ့​ရက်​ကာ​လ​သည် ကျမ်း​စာ​ချက်​များ ပြည့်​စုံ​ရ​သော ဒဏ်​စီ​ရင်​ခြင်း​နေ့​ရက်​ကာ​လ ဖြစ်​သ​တည်း။-

ထို​သို့​သော​သူ​တို့​သည် ငြိမ်​ဝပ်​စွာ လုပ်​ဆောင်၍၊ ကိုယ်​အ​စာ​ကို စား​မည်​အ​ကြောင်း၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား၍၊ တိုက်​တွန်း သွေး​ဆောင်​ကြ၏။-

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ဟ​န္န​စိတ်​ဆိုး​ညစ်​အောင် ရန်​သူ သည် အ​လွန်​နှောင့်​ယှက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ