Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 4:2

Judson Bible

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အ​ညွန့်​သည် ဘုန်း​အ​သ​ရေ ပွင့်​လန်း​လိမ့်​မည်။ လွတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ မြေ​အ​သီး​အ​နှံ​သည် ကောင်း​မြတ်​လျောက်​ပတ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

40 ပူးပေါင်းရင်းမြစ်များ  

မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။

ပြည်​တော်၌ များ​စွာ​သော စ​ပါး​ရှိ၍၊ အ​သီး​အ​နှံ​သည် လေ​ဗ​နုန်​တော​ကဲ့​သို့ တောင်​ထိပ်​ပေါ်​မှာ လှုပ်​ရှား​လိမ့်​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း၊ မြေ၏​မြက်​ပင်​ကဲ့​သို့ စည်​ပင်​ကြ​လိမ့်​မည်။

သင်၏​အစ်​ကို​အာ​ရုန်၌ ဘုန်း​အ​သ​ရေ​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်၍​ပေး​ရ​မည်။

ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။

နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။

သင်​သည် လယ်၌​ကြဲ​သော​မျိုး​စေ့​ဖို့ မိုး​ကို ရွာ​စေ​တော်​မူ​လိမ့်​မည်။ မြေ​အ​သီး​အ​နှံ​မှ​ဖြစ်​သော မုန့်​ကို အ​လွန်​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ သင်၏​သိုး​နွား​တို့​သည် ကျယ်​သော​အ​ရပ်၌ ကျက်​စား​ရ​ကြ​လိမ့်​မည်။

မိုး​ကောင်း​ကင်​တို့၊ အ​ထက်​မှ​ယို​ကြ​လော့။ မိုး​တိမ်​တို့​သည် တ​ရား​မိုး​ရွာ​ကြ​စေ။ မြေ​ကြီး​သည် ပွင့်၍ ကယ်​တင်​ခြင်း​အ​သီး​ကို သီး​စေ။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် တစ်​ပြိုင်​နက်​ပေါက်​စေ။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။

သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွတ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။

သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။

မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ​သည်​အ​တိုင်း၊ ဉာဏ်​ကောင်း​သော ရှင်​ဘု​ရင်​တစ်​ဦး​သည် စိုး​စံ၍၊ မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​ရာ​ကာ​လ​သည် ရောက်​လိမ့်​မည်။

ထို​ကာ​လ​အ​ခါ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ၍၊ သူ​သည် မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​သည် ယု​ဒ​ပြည်​သို့ ပြန်၍​နေ​ချင်​သော်​လည်း၊ တစ်​ယောက်​မျှ ဘေး​နှင့်​မ​လွတ်​ရ၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ကြ။ ဘေး​လွတ်​သော​သူ​သာ​လျှင် ပြန်​ရ​ကြ​လိမ့်​ဟု မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ ဓား​ဘေး​နှင့်​လွတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ ယု​ဒ​ပြည်​သို့ ပြန်​ရ​သော​သူ​တို့​သည် နည်း​ကြ​လိမ့်​မည်။ ငါ့​စ​ကား​တည်​မည်၊ သူ​တို့​စ​ကား​တည်​မည်​ကို၊ အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​ခြင်း​ငှာ​သွား​သော ယု​ဒ​လူ အ​ကျန်​အ​ကြွင်း​တို့​သည် သိ​ကြ​လိမ့်​မည်။

အ​သ​ရေ​ရှိ​သော​ဥ​ယျာဉ်​ကို​လည်း သူ​တို့​အ​ဖို့ ငါ​ပြု​စု​မည်။ နောက်​တစ်​ဖန် ပြည်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး၍၊ သူ​တို့​သည် မွတ်​သိပ်​ခြင်း​ကို မ​ခံ​ရ​ကြ။ တစ်​ပါး​အ​မျိုး​သား​တို့၏​ကဲ့​ရဲ့​ခြင်း​ကို​လည်း မ​ခံ​ရ​ကြ။

အို ဣ​သ​ရေ​လ​တောင်​တို့၊ သင်​တို့​မူ​ကား၊ အ​ပင်​ပေါက်၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​သီး​ကို သီး​ရ​ကြ​လိမ့်​မည်။ သူ​တို့ ပြန်​လာ​ချိန်​နီး​ပြီ။

သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။

ထို​ကာ​လ၌ ချို​သော စ​ပျစ်​ရည်​သည် တောင်​တို့​မှ ယို​လိမ့်​မည်။ နို့​ရည်​သည် ကုန်း​တို့​မှ ထွက်​လိမ့်​မည်။ ယု​ဒ​မြစ်​ရှိ​သ​မျှ​တို့​သည် ရေ​စီး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က စမ်း​ရေ​ထွက်၍ ရှိ​တ္တိမ်​ချိုင့်​ကို စို​စေ​လိမ့်​မည်။

ဇိ​အုန်​တောင်​ပေါ်​မှာ ဘေး​လွတ်​သော​သူ​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သန့်​ရှင်း​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မိ​မိ​ပိုင်​ထိုက်​သော​မြေ​ကို ပိုင်​ရ​လိမ့်​မည်။

အို ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု၊ သင့်​ရှေ့​မှာ​နေ​သော သင့်​အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ နား​ထောင်​လော့။ သူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် ယှဉ်​သော​သူ ဖြစ်​ကြ၏။ ငါ၏​ကျွန်​တည်း​ဟူ​သော အ​ညွန့်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ထို​သူ​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ညွန့်​အ​မည်​ရှိ​သော သူ​ကို ကြည့်​ရှု​လော့။ မိ​မိ​ဒေ​သ​အ​ရပ်၌ ပေါက်၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်။

ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။

ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကာ​လ​တာ​ရှည်​လျှင် အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​သော​သူ​တို့​အ​ဖို့​အ​လို့​ငှာ ထို​ကာ​လ​သည် တို​လိမ့်​မည်။

ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ကြွ​လာ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား ကြား​ပြော​သော​အ​ခါ၊ ငါ​တို့​သည် ပ​ရိ​ယာယ်​နှင့် ပြင်​ဆင်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို မ​လိုက်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကိုယ်​တိုင်​မြင်​သော​သူ ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ