Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 2:3

Judson Bible

များ​ပြား​သော​သူ​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့​လိုက်​သွား​ကြ​မည်​ဟု ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

39 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​လူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍ သား​မြေး၊ ဘာ​သာ​ဝင်​သူ အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မော်​ဒ​ကဲ​မှာ​စာ၌ စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ထို​နေ့ နှစ်​ရက်​ကို နှစ်​တိုင်း​အ​စဉ်​မ​ပြတ် စောင့်​မည်​အ​ကြောင်း၊

လမ်း​ခ​ရီး၌ ငါ၏​အ​စွမ်း​ကို​လျော့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​နေ့​ရက်​ကာ​လ​ကို တို​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ​သော​အ​ခါ၊

ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်၏​အာ​ဏာ​တော်​လှံ​တံ​ကို ဇိ​အုန်​မြို့​မှ လွှတ်​တော်​မူ​မည်။ ကိုယ်​တော်​သည် ရန်​သူ​တို့၏​အ​လယ်၌ အုပ်​စိုး​တော်​မူ​လိမ့်​မည်။

အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​နှုတ်​သည် ချီး​မွမ်း​ခြင်း​ကို မြွက်​ဆို​ပါ​မည်။

ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့​ဟု သူ​တစ်​ပါး​တို့​သည် ပြော​ကြ​သော​အ​ခါ၊ ငါ​သည် ဝမ်း​မြောက်​ခြင်း​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​တော်​မူ၏။ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်​တွင် အ​ထူး​သ​ဖြင့် ထော​မ​နာ​ချီး​မွမ်း​ခြင်း​ကို ခံ​ထိုက်​တော်​မူ၏။

သင်​၏​တ​ရား​သူ​ကြီး​တို့​နှင့် တိုင်​ပင်​မှူး​မတ်​တို့​ကို ရှေ့​ဦး​စွာ​ခန့်​ထား​သည်​နည်း​တူ၊ တ​စ်​ဖန်​ငါ​ခန့်​ထား​ဦး​မည်။ ထို​နောက်​မှ၊ သင်​၏​နာ​မ​ကို တ​ရား​သော​မြို့၊ သ​စ္စာ​စောင့်​သော​မြို့​ဟု သ​မုတ်​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​သည် အာ​ရှု​ရိ​ပြည်​တိုင်​အောင်၊ လမ်း​တွင်​လိမ့်​မည်။ အာ​ရှု​ရိ​လူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​သည်၊ အာ​ရှု​ရိ​ပြည်​သို့​လည်း​ကောင်း​သွား​လာ၍ အဲ​ဂု​တ္တု​လူ​နှင့် အာ​ရှု​ရိ​လူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဝတ်​ပြု​ကြ​လိမ့်​မည်။

သူ​တို့​က၊ အ​ဘယ်​သူ​ကို ပ​ညာ​သွန်​သင်​ချင်​သ​နည်း။ အ​ဘယ်​သူ​ကို တ​ရား​နား​လည်​စေ​ချင်​သ​နည်း။ ငါ​တို့​သည် နို့​နှင့် ကွာ​စ​ရှိ​သော​သူ၊ အ​မိ​သား​မြတ်​နှင့် အ​နိုင်​ကွာ​ရ​သော​သူ ဖြစ်​ကြ​သ​လော။

တစ်​ယောက်​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ဟု ဆို​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ယာ​ကုပ်​အ​မည်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဟူ၍ မိ​မိ​လက်​တွင် စာ​တန်း​ထိုး​လျက်၊ ဣ​သ​ရေ​လ​အ​မည်​သစ်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။

သား​သ​မီး​တို့ ထက်​မြတ်​သော​အ​ရာ၊ မြတ်​သော​နာ​မ​ကို ငါ့​အိမ်၊ ငါ့​တံ​တိုင်း​အ​တွင်း၌ ငါ​ပေး​မည်။ မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​နာ​မ​ကို သူ​တို့​အား ငါ​ပေး​မည်။

ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။

တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​သူ၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို မေ့​လျော့​သော​သူ၊ ဂါ​ဒ​ဘု​ရား​ရှေ့​မှာ စား​ပွဲ​ကို​ခင်း၍၊ မေ​နိ​ဘု​ရား​အား သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြင်​သော​သူ​ဖြစ်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စင်​ကြယ်​သော​ဖ​လား စ​သည်​တို့​နှင့်၊ ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သင်​တို့၏ ညီ​အစ်​ကို​အ​ပေါင်း​ကို မြင်း၊ ရ​ထား၊ ထမ်း​စင်၊ မြည်း၊ ကု​လား​အုတ်​ပေါ်၌​တင်၍၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဖို့​ရာ၊ ခပ်​သိမ်း​သော အ​ပြည်​ပြည်​တို့​မှ ငါ၏​သန့်​ရှင်း​သော​တောင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဗာ​လ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ငါ၏​လူ​မျိုး​ကို သွန်​သင်​ဖူး​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု၊ ငါ၏​နာ​မ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ငှာ၊ ငါ့​လူ​မျိုး၏ ဘာ​သာ​ဓ​လေ့​ကို ကြိုး​စား၍​သင်​လျှင်၊ ငါ၏​လူ​မျိုး​အ​ထဲ၌ သူ​တို့​ကို ငါ​တည်​စေ​မည်။

ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ကင်း​စောင့်​တို့​က၊ ထ​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ ဇိ​အုန်​တောင်​သို့ သွား​ကြ​ကုန်​အံ့​ဟု ကြွေး​ကြော်​ရ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ဣ​သ​ရေ​လ​ပြည်​သို့​ဆောင်​သွား၍၊ အ​လွန်​မြင့်​သော တောင်​ပေါ်​မှာ တင်​ထား​တော်​မူ၏။ ထို​တောင်​အ​နား​မှာ တောင်​ဘက်၌ မြို့​ပုံ​သ​ဏ္ဌာန်​ရှိ၏။

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။

ပ​ညာ​ကို​လည်း ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ခြင်း​ငှာ လိုက်​ရှာ​ကြ​လိမ့်​မည်။ ထွက်​တော်​မူ​ချိန်​သည် နံ​နက်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ရွာ​သော​မိုး​နှင့် မြေ​အ​ပေါ်​သို့​ရွာ​သော နောက်​မိုး​ကဲ့​သို့ သက်​ရောက်​တော်​မူ​လိမ့်​မည်။

များ​ပြား​သော လူ​မျိုး​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့ လိုက်​သွား​ကြ​မည်​ဟု၊ ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။-

သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။-

ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။-

ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။

သို့​ရာ​တွင် လူ​အ​ပေါင်း​တို့​သည် မ​ကြား​ရ​ကြ​ပြီ​လော။ အ​မှန်​ကြား​ရ​ကြ​ပြီ။ သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ​ပြီ​ဟု ငါ​ဆို၏။-

ထို​အ​မျိုး​တို့​သည် လူ​များ​တို့​ကို တောင်​တော်​သို့​ခေါ်၍၊ တောင်​တော်၌ တ​ရား​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​လိမ့်​မည်။ ပင်​လယ်​စည်း​စိမ်၊ သဲ၌​ဝှက်​ထား​လျက်​ရှိ​သော ဘ​ဏ္ဍာ​ကို​နို့​စို့​ကြ​လိမ့်​မည်။

သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊

လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံ​လင်​သော​တ​ရား၌ စေ့​စေ့​ကြည့်​ရှု၍ တည်​ကြည်​သော​သူ​မူ​ကား၊ တ​ရား​နာ၍ မေ့​လျော့​သော​သူ မ​ဟုတ်၊ အ​ကျင့်​ကျင့်​သော​သူ​ဖြစ်​သ​ဖြင့်၊ မိ​မိ​ကျင့်​သော​အ​ကျင့်၌ မင်္ဂ​လာ​ရှိ​သော​သူ ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ