Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 2:2

Judson Bible

နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည် သော​တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

56 ပူးပေါင်းရင်းမြစ်များ  

ထို​ရော​အ​ခါ၊ ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို​ခေါ်၍၊ သင်​တို့​သည် စည်း​ဝေး​ကြ​လော့။ နောင်​ကာ​လ​အ​ခါ၊ သင်​တို့​၌ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​များ​ကို ငါ​ဟော​ပြော​မည်။

ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊

လမ်း​ခ​ရီး၌ ငါ၏​အ​စွမ်း​ကို​လျော့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​နေ့​ရက်​ကာ​လ​ကို တို​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ​သော​အ​ခါ၊

ငါ့​ကို​တောင်း​လော့။ လူ​အ​မျိုး​မျိုး​တို့​ကို သင်၏​အ​မွေ​ဥ​စ္စာ​ဖို့ ငါ​ပေး​မည်။ မြေ​ကြီး​စွန်း​တိုင်​အောင် ပိုင်​ထိုက်​သော အ​ခွင့်​ကို​လည်း ငါ​ပေး​မည်။

မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​ပိုင်​တော်​မူ၏။ လူ​မျိုး​တို့​ကို မင်း​ပြု​တော်​မူ၏။

မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။

ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။

ပင်​လယ်​တစ်​ပါး​မှ တစ်​ပါး​တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​စွန်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ​တော်​မူ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​လျက် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ နာ​မ​တော်​ကို ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်။

ဘုံ​ဗိ​မာန်​တော်​တိုက်​မြစ်​သည် သန့်​ရှင်း​သော​တောင်​ရိုး​ပေါ်​မှာ တည်​လျက်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​နေ​ရာ​အ​ပေါင်း​တို့​ထက် ဇိ​အုန်​တံ​ခါး​တို့​ကို သာ၍ နှစ်​သက်​တော်​မူ၏။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။

ထို​ကာ​လ၌​လည်း၊ ကြီး​သော​တံ​ပိုး​ကို မှုတ်​ရ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၌ ပျောက်​သော​သူ၊ အဲ​ဂု​တ္တု​ပြည်၌ စွန့်​ပစ်​သော​သူ​တို့​သည် လာ၍၊ ယေ​ရု​ရှ​လင်​မြို့​တွင်၊ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဝတ်​ပြု၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။

သင်​တို့​သည် ပွဲ​ခံ​သော​နေ့​ည​တွင် ပြု​သ​ကဲ့​သို့ သီ​ချင်း​ဆို​ရ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​သို့ ပု​လွေ​မှုတ်​လျက် သွား​သ​ကဲ့​သို့ ဝမ်း​မြောက်​ရ​ကြ​လိမ့်​မည်။

သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။

သား​သ​မီး​တို့ ထက်​မြတ်​သော​အ​ရာ၊ မြတ်​သော​နာ​မ​ကို ငါ့​အိမ်၊ ငါ့​တံ​တိုင်း​အ​တွင်း၌ ငါ​ပေး​မည်။ မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​နာ​မ​ကို သူ​တို့​အား ငါ​ပေး​မည်။

ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။

တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​သူ၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို မေ့​လျော့​သော​သူ၊ ဂါ​ဒ​ဘု​ရား​ရှေ့​မှာ စား​ပွဲ​ကို​ခင်း၍၊ မေ​နိ​ဘု​ရား​အား သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြင်​သော​သူ​ဖြစ်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စင်​ကြယ်​သော​ဖ​လား စ​သည်​တို့​နှင့်၊ ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သင်​တို့၏ ညီ​အစ်​ကို​အ​ပေါင်း​ကို မြင်း၊ ရ​ထား၊ ထမ်း​စင်၊ မြည်း၊ ကု​လား​အုတ်​ပေါ်၌​တင်၍၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဖို့​ရာ၊ ခပ်​သိမ်း​သော အ​ပြည်​ပြည်​တို့​မှ ငါ၏​သန့်​ရှင်း​သော​တောင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ ကိုး​ကွယ်​ခြင်း​ငှာ လ​ဆန်း​နေ့​နှင့် ဥ​ပုသ်​နေ့ အ​စဉ်​အ​တိုင်း​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​ရဲ​တိုက်၊ အ​မှု​ရောက်​သော​နေ့၌ အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ တစ်​ပါး​အ​မျိုး​သား​တို့​က၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​တို့​သည် မု​သား၊ အ​န​တ္တ၊ အ​ချည်း​နှီး​သော အ​ရာ​တို့​ကို အ​မွေ​ခံ​ကြ​ပါ​ပြီ​ဟု၊ မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ထံ​သို့ လာ၍ လျှောက်​ကြ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။

ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍၊ ထို​ပ​လ္လင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် မိ​မိ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့​လိုက်၍ မ​ကျင့်​ရ​ကြ။

ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ၊ ပြင်း​စွာ​သော အ​မျက်​တော်​မ​ငြိမ်း​ရ။ နောင်​ကာ​လ၌ သင်​တို့​သည် နား​လည်​ကြ​လိမ့်​မည်။

ထို​ကြောင့် အ​မျိုး​သား​တို့​သည်​လာ၍၊ ဇိ​အုန်​တောင်​ထိပ်၌ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခြင်း ကျေး​ဇူး​တည်း​ဟူ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​သ​ငယ်၊ နွား​သ​ငယ်​တို့​ကို​ရ​အံ့​သော​ငှာ စည်း​ဝေး​ကြ​လိမ့်​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်​သည် ရေ​လောင်း​သော ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်၍၊ နောက်​တစ်​ဖန် ညှိုး​ငယ်​ခြင်း မ​ရှိ​ရ။

သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော မော​ဘ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​ရွေ့​ကား၊ မော​ဘ​ခံ​ရ​သော​အ​ပြစ်​တ​ရား​ပေ​တည်း။

သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​မြို့၌ ဗေ​လ​ဘု​ရား​ကို​လည်း ငါ​သည် ဒဏ်​ပေး​မည်။ သူ​မျို​သော​အ​ရာ​တို့​ကို တစ်​ဖန် အန်​စေ​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် နောက်​တစ်​ဖန် သူ့​ထံ​မှာ မ​စည်း​ဝေး​ရ​ကြ။ မြို့​ရိုး​လည်း ပြို​လဲ​လျက်​ရှိ​ရ​လိမ့်​မည်။

ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တက်၍​တိုက်​လာ​မည်။ နောင်​ကာ​လ​တွင် ငါ၏​ပြည်​တစ်​ဖက်၌ သင့်​ကို ငါ​ဆောင်​ခဲ့​မည် မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ အို ဂေါ​ဂ၊ လူ​အ​မျိုး​မျိုး​တို့​မျက်​မှောက်၌ သင့်​အား​ဖြင့် ငါ​သည်​ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ငါ့​ကို​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။

ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ဣ​သ​ရေ​လ​ပြည်​သို့​ဆောင်​သွား၍၊ အ​လွန်​မြင့်​သော တောင်​ပေါ်​မှာ တင်​ထား​တော်​မူ၏။ ထို​တောင်​အ​နား​မှာ တောင်​ဘက်၌ မြို့​ပုံ​သ​ဏ္ဌာန်​ရှိ၏။

ယ​ခု​မူ​ကား၊ နောင်​ကာ​လ​တွင် သင်၏​အ​မျိုး​သား​ချင်း​တို့၌ ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို သင်​သည် နား​လည်​စေ​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် တာ​ရှည်​သော​ကာ​လ​နှင့် ဆိုင်​ပေ၏​ဟု ငါ့​အား​ပြော​ဆို၏။

နက်​နဲ​သော အ​ရာ​တို့​ကို ဖွင့်​ပြ၍၊ နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​အား ကြား​ပြော​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ဆူ​သည် ကောင်း​ကင်​ဘုံ​မှာ ရှိ​တော်​မူ၏။

သံ၊ သ​ရွတ်၊ ကြေး​ဝါ၊ ငွေ၊ ရွှေ​တို့​သည် ကျိုး​ပဲ့​ကြေ​မွ​လျက်၊ နွေ​ကာ​လ၌ ကောက်​နယ်​တ​လင်း အ​မုန့်​ကဲ့​သို့​ဖြစ်​သ​ဖြင့်၊ လေ​တိုက်​လွှင့်၍ သူ​တို့​နေ​ရာ​မ​ရှိ၊ ပျောက်​လေ၏။ ရုပ်​တု​ကို ထိ​ခိုက်​သော ကျောက်​မူ​ကား၊ တိုး​ပွား​သ​ဖြင့် တောင်​ကြီး​ဖြစ်၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သည်​ဟု မြင်​မက်​တော်​မူ၏။

သံ၊ ကြေး​ဝါ၊ သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ကို ချိုး​ဖဲ့​သည်​ကို မြင်​တော်​မူ​သည် အ​ကြောင်း​အ​ရာ​မှာ၊ ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​သော နိုင်​ငံ​တစ်​ခု​ကို ထို​မင်း​ကြီး​များ လက်​ထက်၌ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် တည်​ထောင်​စေ​တော်​မူ​မည်။ ထို​နိုင်​ငံ​သည် အ​ခြား​သော လူ​မျိုး​လက်​သို့ မ​ရောက်​ရ​ဘဲ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး၍ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ထို​သို့​နောင်၌ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကြား​ပြော​တော်​မူ၏။ အိပ်​မက်​တော် ရွေ့​လျော့​ခြင်း​မ​ရှိ။ အ​နက်​သည်​လည်း မှန်​ပါ၏​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ လျှောက်​ထား၏။

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။

ဂေ​ဘ​မြို့​မှ​သည် ယေ​ရု​ရှ​လင်​မြို့ တောင်​ဘက်၊ ရိ​မ္မုန်​မြို့​တိုင်​အောင် တစ်​ပြည်​လုံး​ကို ချိုင့်​ကဲ့​သို့ တ​ညီ​တည်း ဖြစ်​စေ​တော်​မူ​မည်။ မြို့​သည်​လည်း ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် အ​ရင်​တံ​ခါး​ရာ၊ မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​သည် စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​တော် တိုင်​အောင်​လည်း​ကောင်း ချီး​မြှောက်​ခြင်း​ကို​ခံ၍၊ မြို့​ဟောင်း​ရာ၌ တစ်​ဖန် တည်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပြည်​လုံး​တွင် ရှင်​ဘု​ရင် ဖြစ်​တော်​မူ​မည်။ ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း၊ နာ​မ​တော်​တစ်​ပါး​တည်း ဖြစ်​တော်​မူ​မည်။

ကြီး​သော တိုင်း​နိုင်​ငံ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ယေ​ရု​ရှ​လင်​မြို့၌ ရှာ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ လာ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သို့ ငါ​ပြန်​လာ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ​နေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို သ​မ္မာ​မြို့​ဟူ၍​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ကို သန့်​ရှင်း​သော​တောင် ဟူ၍​လည်း​ကောင်း သ​မုတ်​ကြ​လိမ့်​မည်။

လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။ သင်​တို့ ပြည်​သည်​လည်း နှစ်​သက်​ဖွယ်​သော ပြည်​ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယ​ခု​မူ​ကား၊ ငါ့​အ​ဆွေ​အ​မျိုး​တို့​ထံ​သို့ ငါ​သွား​တော့​မည်။ နား​ထောင်​ပါ။ နောင်​ကာ​လ၌ ဤ​လူ​မျိုး​သည် မင်း​ကြီး၏​လူ​မျိုး၌ အ​ဘယ်​သို့ ပြု​မည်​အ​ရာ​ကို မင်း​ကြီး​အား​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ပြန်​ဆို​ပြီး​မှ၊

ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။-

နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊-

ထို​သား​တော်​ကို အ​လုံး​စုံ​တို့၏ အ​မွေ​ခံ​သ​ခင်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ သား​တော်​အား​ဖြင့်​လည်း လော​က​ဓာတ်​တို့​ကို တည်​တော်​မူ၏။-

ရှေ့​ဦး​စွာ သိ​မှတ်​အပ်​သော​အ​ရာ ဟူ​မူ​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည်၊ မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊-

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-

ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ