ဟေရှာယ 15:3Judson Bibleလမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးပေါ်၌လည်းကောင်း၊ လမ်းမ၌လည်းကောင်း ရှိသမျှသောသူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည်ကျကြ၏။ အခန်းကိုကြည့်ပါ။ |
အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာရှိသမျှတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတစ်ပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာ ပူဇော်သကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့အိမ်များ၊ ယုဒရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်း ဖြစ်စေမည်။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှာလည်းကောင်း၊ ဆံပင်ကို ရိတ်စေခြင်းငှာလည်းကောင်း ငါစီရင်မည်။ တစ်ယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့လည်းကောင်း၊ အဆုံး၌ ခါးစွာသော နေ့ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။
အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့်လူးလျက် နောင်တ ရကြလိမ့်မည်။-