Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 15:2

Judson Bible

ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်၍ အ​ဝတ်​ကို​တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။

ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​ကို​ရိတ်၍ အ​ဝတ်​ကို တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။

အို တံ​ခါး၊ ညည်း​တွား​လော့။ အို မြို့၊ ငို​ကြွေး​မြည်​တမ်း​လော့။ အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင်​သည် မှိုင်​တွေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​မှ မီး​ခိုး​ထွက်​လာ၏။ ထို​အ​လုံး​အ​ရင်း၌ တစ်​ယောက်​တ​ခြား​စီ နေ​သော​သူ​မ​ရှိ။

လမ်း​ခ​ရီး​တို့​တွင် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၍၊ အိမ်​မိုး​ပေါ်၌​လည်း​ကောင်း၊ လမ်း​မ၌​လည်း​ကောင်း ရှိ​သ​မျှ​သော​သူ​တို့​သည် ညည်း​တွား​မြည်​တမ်း၍၊ အ​လွန် မျက်​ရည်​ကျ​ကြ၏။

ထို​အ​ခါ မော​ဘ​သည် မိ​မိ​မြင့်​သော​အ​ရပ်၌ မိ​မိ​ကို ပင်​ပန်း​စေ​ခြင်း၊ ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ မိ​မိ​သန့်​ရှင်း​ရာ​ဌာ​န​သို့ ဝင်​ခြင်း​အ​ရာ​သည် ထင်​ရှား​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ရာ။

ထို​ကြောင့်၊ မော​ဘ​သည် မိ​မိ​အ​တွက် ညည်း​တွား​မြည်​တမ်း​ရ​လိမ့်​မည်။ ပြည်​သား​ရှိ​သ​မျှ​တို့​သည် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့ ပျက်​သည်​အ​တွက် သင်​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ ထို​မြို့​သည် ဒဏ်​ခတ်​ခြင်း​ကို​အ​လွန်​ခံ​ရ၏။

ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊

မွှေး​သော​အ​နံ့​အ​ရာ၌ ပုပ်​စပ်​သော​အ​နံ့၊ ခါး​စည်း​အ​ရာ၌ ခါး​ကြိုး၊ ကျစ်​သော​ဆံ​ပင်​အ​ရာ၌ ခေါင်း​တုံး​ခြင်း၊ ရင်​စည်း​တန်​ဆာ​အ​ရာ၌ လျှော်​တေ​ကြိုး၊ လှ​သော​အ​ဆင်း​အ​ရာ၌ သံ​ပူ​ထိုး​ချက်​ရာ ဖြစ်​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ငို​ကြွေး၍ တောင်း​ပန်​သော​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် လမ်း​လွှဲ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြောက်​မျက်​နှာ​ဘက်​က ရေ​သည်​ထ၍ လွှမ်း​မိုး​သော​ပင်​လယ်​ဖြစ်​လျက်၊ တစ်​ပြည်​လုံး​နှင့်၊ ပြည်၌ ပါ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့် မြို့၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​လွှမ်း​မိုး၍၊ သူ​တို့​သည် အော်​ဟစ်​ကြ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။

ဂါ​ဇ​မြို့​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို ခံ​ရ၏။ အာ​ရှ​ကေ​လုန်​မြို့​နှင့် ကျန်​ကြွင်း​သော ချိုင့်​အ​ရပ်​သည် ပျက်​စီး​ပြီ။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​သား​ကို ခုတ်​ဖြတ်​ရ​မည်​နည်း။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ နေ​ဗော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​လေ၏။ ကိ​ရ​ယ​သိမ်​မြို့​သည် ရှုံး၍ လု​ယူ​ခြင်း​ကို ခံ​ရ၏။ မိ​သ​ဂပ်​မြို့​သည်​လည်း​ရှုံး၍ စိတ်​ပျက်​လေ၏။

ဒိ​ဘုန်​မြို့၌​နေ​သော သ​တို့​သ​မီး၊ သင်​ခံ​စား​ရ​သော စည်း​စိမ်​မှ​ဆင်း၍ အ​ငတ်​ခံ​လျက်​ထိုင်​လော့။ မော​ဘ​ကို လု​ယူ​သော​သူ​သည် သင်​ရှိ​ရာ​သို့​လာ၍၊ သင်၏​ရဲ​တိုက်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။

ထို​ကြောင့်၊ မော​ဘ​အ​တွက် ငါ​သည်​ညည်း​တွား​မြည်​တမ်း​မည်။ မော​ဘ​ပြည် တစ်​ပြည်​လုံး​အ​တွက် ငို​ကြွေး​မည်။ ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ညည်း​တွား​ခြင်း ရှိ​ရ​မည်။

မော​ဘ​ပြည်၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ပူ​ဇော်​သော​သူ၊ မိ​မိ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော​သူ​တို့​ကို ငါ​ပြတ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အို ဟေ​ရှ​ဘုန်​မြို့၊ ညည်း​တွား​မြည်​တမ်း​လော့။ အာ​ဣ​မြို့​ပျက်​စီး​ပြီ။ အို ရ​ဗ္ဗာ​မြို့​သ​မီး​တို့၊ ငို​ကြွေး​ကြ​လော့။ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ မြည်​တမ်း​လျက်၊ ခြံ​နား​မှာ တောင်​မြောက်​ပြေး​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​လ​ကုံ​ဘု​ရား​သည် သူ၏​ယဇ်​ပု​ရော​ဟိတ်၊ သူ၏​မင်း​များ​နှင့်​တ​ကွ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၏။

သင်၏​သ​စ္စာ​ဆံ​ပင်​ကို​ရိတ်၍ ပစ်​လိုက်​လော့။ မြင့်​သော​အ​ရပ်၌ မြည်​တမ်း​ခြင်း​ကို ပြု​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​ပယ်​တော်​မူ​ပြီ။ အ​မျက်​တော်​သင့်​ရောက်​သော​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပြီ။

ဆံ​ပင်​ကို​လည်း​ဖြတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ညှိုး​ငယ်​သော​စိတ်​နှင့် သင့်​အ​ဖို့ ပြင်း​စွာ ငို​ကြွေး​မြည်​တမ်း​ရ​သည်​ကား၊

အ​ချင်း​လူ​သား၊ သင်​သည်​ပ​ရော​ဖက်​ပြု​လျက်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရောက်​ရ​သော​နေ့​သည် အ​မင်္ဂ​လာ​ရှိ​သည်​ဟု အော်​ဟစ်​ကြ​လော့။

သူ​တို့​သည်​လည်း လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ပြင်း​စွာ​သော ထိတ်​လန့်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ တစ်​ယောက်​မျှ မ​ကြွင်း၊ မျက်​နှာ​ရှက်​ကြောက်​လျက်၊ ဆံ​ပင်​ဖြတ်​လျက် ရှိ​ကြ​လိမ့်​မည်။

ဆံ​ပင်​ကျွတ်​သော​သူ​သည်၊ ခေါင်း​ပြောင်​သော်​လည်း စင်​ကြယ်၏။

ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။

သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။

ရှိ​ဟုန်​ဘု​ရင်​နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်၍ မော​ဘ​ပြည်​အာ​ရ​မြို့​နှင့်​တ​ကွ၊ အာ​နုန်​ချောင်း​နား၊ မြင့်​သော​အ​ရပ်၌ အ​စိုး​ရ​သော​မင်း​တို့​ကို လောင်​လေ​ပြီ။

တစ်​ဖန်​ငါ​တို့​သည် အာ​မော​ရိ​သား​တို့​ကို တိုက်​ပြန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​ပြည်​သည် ဒိ​ဘုန်​မြို့​တိုင်​အောင် ပျက်​လေ​ပြီ။ မေ​ဒ​ဘ​မြို့​နှင့်​နီး​စပ်​သော နော​ဖာ​မြို့​တိုင်​အောင် သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​ပြီ​ဟု ဆို​သ​တည်း။

အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊

နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။

ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ