Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 7:3

Judson Bible

ဆိုး​ညစ်​သော အ​မှု​အား​ဖြင့် ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ မု​သား​စ​ကား​အား​ဖြင့် မင်း​များ​ကို​လည်း​ကောင်း ဝမ်း​မြောက်​စေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည်​ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ နေ​ကောင်း​သ​လော​ဟု​မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် သင်​တို့​နှင့် ဤ​ပြည်​ကို​မ​တိုက်​မ​လာ​ရ​ဟု ဟော​ပြော​သော သင်​တို့၏​ပ​ရော​ဖက်​တို့​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

ငါ​သည် ငါ၏​လူ​မျိုး​ကို​စွန့်၍ ထွက်​သွား​နိုင်​အောင် တော၌ တဲ​စ​ခန်း​ရှိ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ သ​စ္စာ​ပျက်​သော အ​စည်း​အ​ဝေး​ဖြစ်​ကြ၏။

သင်​တို့​သည် ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​လို၍ လယ်​ထွန်​သော​ကြောင့်၊ အ​ပြစ်​စ​ပါး​ကို ရိတ်​ရ​ကြ၏။ မု​သား​အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကြံ​စည် ပြု​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်၌ များ​စွာ​သော သူ​ရဲ​တို့​ကို​လည်း​ကောင်း ကိုး​စား​တတ်၏။

ဧ​ဖ​ရိမ်​သည် မု​သား​စ​ကား​နှင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​သည် လှည့်​စား​ခြင်း​နှင့်​လည်း​ကောင်း ငါ့​ကို​နှောင့်​ယှက်​တတ်၏။ ယု​ဒ​သည်​လည်း ဘု​ရား​သ​ခင့်​ထံ၊ သန့်​ရှင်း၍ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​မှ​လွှဲ၍ လှည့်​လည်​တတ်၏။

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။

ငါ​တို့​ရှင်​ဘု​ရင်၏ နှစ်​စဉ်​ပွဲ​နေ့၌ မင်း​တို့​သည် စ​ပျစ်​ရည်​အ​ရှိန်​နှင့် ယစ်​မူး၍ ရှင်​ဘု​ရင်​သည် မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို လက်​ခံ​တတ်၏။

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သော​ကြောင့်၊ လော​ကီ​အ​ကြောင်း​အ​ရာ​ကို ပြော​တတ်​ကြ၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ