Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 7:4

Judson Bible

ထို​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော မေ​ထုန်​ဖြင့် မှား​ယွင်း​သော​သူ​ဖြစ်၍၊ မီး​ထည့်​သော မုန့်​သည်၏ မီး​ဖို​နှင့်​တူ​ကြ၏။ မုန့်​စိမ်း​ကို​နယ်​ပြီး​မှ မ​ဖောင်း​ကြွ​မီ​တိုင်​အောင်၊ မီး​ကို​မ​ဆော်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​သည် တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ ထို​သူ​တို့​ကြောင့် တစ်​ပြည်​လုံး မြည်​တမ်း​ရ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​သည် သွေ့​ခြောက်​ကြ၏။ ပြည်​သား​များ​လိုက်​သော​လမ်း​သည် မ​ဖြောင့်၊ သူ​တို့​အ​စွမ်း​သ​တ္တိ​သည် တ​ရား​ဘက်၌ မ​နေ​တတ်။

ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။

ငါ​သည် ငါ၏​လူ​မျိုး​ကို​စွန့်၍ ထွက်​သွား​နိုင်​အောင် တော၌ တဲ​စ​ခန်း​ရှိ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ သ​စ္စာ​ပျက်​သော အ​စည်း​အ​ဝေး​ဖြစ်​ကြ၏။

သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။

ငါ့​လူ​တို့​သည် သစ်​သား​နှင့် တိုင်​ပင်​တတ်​ကြ၏။ သူ​တို့၏​တောင်​ဝှေး​သည် အ​ကြံ​ပေး​တတ်၏။ ကိ​လေ​သာ​စိတ်​အား​ကြီး​သော​ကြောင့်၊ သူ​တို့​သည်​လမ်း​လွှဲ၍ မိ​မိ​တို့​ဘု​ရား​သ​ခင့်​ထံ​မှာ မ​နေ၊ မှား​ယွင်း​တတ်​ကြ၏။

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

သင်​တို့၏ ဝါ​ကြွား​ခြင်း​သည် မ​ကောင်း​မ​သင့် ဖြစ်၏။ အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ကို မ​သိ​ကြ​သ​လော။-

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ