Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 5:2

Judson Bible

ယဇ်​ကောင်​တို့​ကို သတ်​သော​အား​ဖြင့် မိ​မိ​တို့​အ​ပြစ်​ကို များ​ပြား​စေ​ကြ၏။ ထို​ကြောင့်၊ ငါ​သည် ထို​သူ​အ​ပေါင်း​တို့၌ အ​ပြစ်​ဒဏ်​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား မ​သိ​စေ​ခြင်း​ငှာ၊ နက်​နဲ​သော​အ​ကြံ​ကို ကြံ၍၊ မှောင်​မိုက်​ထဲ​မှာ အ​မှု​ကို​ပြု​လျက်၊ ငါ​တို့​ကို အ​ဘယ်​သူ​မြင်​သ​နည်း။ ငါ​တို့​ကို အ​ဘယ်​သူ​သိ​သ​နည်း​ဟု ပြော​ဆို​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

သူ​တို့​က​လည်း လာ​ကြ။ ယေ​ရ​မိ​တစ်​ဖက်၌ ကြံ​စည်​ကြ​ကုန်​အံ့။ ယဇ်​ပု​ရော​ဟိတ်​သည် တ​ရား​အ​မှု၌​လည်း​ကောင်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​ကြံ​ပေး​ခြင်း​အ​မှု၌​လည်း​ကောင်း၊ ပ​ရော​ဖက်​သည် ဟော​ပြော​ခြင်း​အ​မှု၌​လည်း​ကောင်း အ​ရှုံး​မ​ခံ​ရ။ လာ​ကြ။ ယေ​ရ​မိ​ကို လျှာ​နှင့်​ရိုက်​ကြ​ကုန်​အံ့။ သူ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ကုန်​အံ့​ဟု​ဆို​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ဖောက်​ပြန်​သော​သူ၊ ကုန်း​တိုက်​တတ်​သော​သူ ဖြစ်​ကြ၏။ ကြေး​ဝါ​နှင့် သံ​သက်​သက်၊ ဖျက်​တတ်​သော အ​ရာ​သက်​သက် ဖြစ်​ကြ၏။

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

ထို​ကြောင့် သူ​တို့​ကို ပ​ရော​ဖက်​များ​အား​ဖြင့် ငါ​သည် အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ရ​ပြီ။ ငါ့​နှုတ်​ထွက်​စ​ကား​အား​ဖြင့် သတ်​ရ​ပြီ။ ငါ့​စီ​ရင်​ချက်​တို့​သည်​လည်း ထွန်း​လင်း​သော အ​လင်း​ကဲ့​သို့ ဖြစ်​ကြ​ပြီ။

ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။

ဂိ​လ​ဂါ​လ​မြို့၌ သူ​တို့​ပြု​သ​မျှ​သော​ဒု​စ​ရိုက်​ရှိ၍၊ ထို​အ​ရပ်၌ သူ​တို့​ကို ငါ​မုန်း၏။ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ငါ့​အိမ်​မှ ငါ​နှင်​ထုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို​မ​ချစ်။ သူ​တို့ မင်း​အ​ပေါင်း​တို့​သည် ပုန်​ကန်​တတ်​သော​သူ ဖြစ်​ကြ၏။

ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ