Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 5:3

Judson Bible

ဧ​ဖ​ရိမ်​ကို​ငါ​သိ၏။ ဣ​သ​ရေ​လ​သည်​လည်း ငါ့​ရှေ့​မှ ပုန်း​ရှောင်၍​မ​နေ​နိုင်။ ယ​ခု​ပင် အို ဧ​ဖ​ရိမ်၊ သင်​သည်​မှား​ယွင်း၍ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။

ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။

ရှု​ရိ​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ ရေ​မ​လိ​သား​တို့​က၊ ငါ​တို့​သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်​ယူ၍ ပြည်​အ​လယ်​မှာ တ​ဗာ​လ၏​သား​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြ​ကုန်​အံ့​ဟု သင့်​ဘက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သော်​လည်း၊

သင်​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​နှင့်​တ​ကွ သူ​ဖွား​မြင်​သော သား​သ​မီး​တို့​ကို သိမ်း​ပိုက်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်၍ အ​ထပ်​ထပ်​မှား​ယွင်း​ကြ​ပြီ​ဟု ဟော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊

ဧ​ဖ​ရိမ်​သည် လေ​ကို ကျက်​စား​တတ်၏။ အ​ရှေ့​လေ​ကို လိုက်​တတ်၏။ နေ့​တိုင်း မု​သား​စ​ကား​နှင့် ပျက်​စီး​ခြင်း​အ​ကြောင်း​တို့​ကို များ​ပြား​စေ​တတ်၏။ အာ​ရှု​ရိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​နှင့်​ပင်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆီ​ကို ယူ​သွား​တတ်၏။

ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။

အ​လွန်​သွေ့​ခြောက်​သော အ​ရပ်​တည်း​ဟူ​သော တော၌​ပင် သင့်​ကို ငါ​သိ​ပြီ။ ကျက်​စား​ရာ​အ​ရပ်၌ ဝ​ပြော​စွာ စား​ရ​ကြ၏။

ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။

ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ဆုံး​မ​သ​တိ​ပေး​သော​နေ့၌ ဧ​ဖ​ရိမ်​သည် ပျက်​စီး​ရ​လိမ့်​မည်။ ဆက်​ဆက် ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ငါ​ဖော်​ပြ၏။

အ​ကယ်​စင်​စစ် အ​ဓ​မ္မ​အ​မှု​ကို ပြု​တတ်​ကြ၏။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ငါ​မြင်​ပြီ။ ထို​အ​မျိုး၌ ဧ​ဖ​ရိမ်​သည် မှား​ယွင်း​တတ်၏။ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အို ဧ​ဖ​ရိမ်၊ သင်၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ အို ယု​ဒ၊ သင်၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ သင်​တို့ ကြည်​ညို​သော​စိတ်​သည် နံ​နက်​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ စော​စော​ပျောက်​တတ်​သော နှင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။

ဧ​ဖ​ရိမ်​သည် များ​စွာ​သော​ယဇ်​ပ​လ္လင်​တို့​ကို အ​ပြစ်​အ​ဖို့ လုပ်​သော​ကြောင့်၊ ယဇ်​ပ​လ္လင်​တို့​ကို သူ၏​အ​ပြစ်​ဟူ၍ မှတ်​ရ​လိမ့်​မည်။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။

သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ