Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 4:12

Judson Bible

ငါ့​လူ​တို့​သည် သစ်​သား​နှင့် တိုင်​ပင်​တတ်​ကြ၏။ သူ​တို့၏​တောင်​ဝှေး​သည် အ​ကြံ​ပေး​တတ်၏။ ကိ​လေ​သာ​စိတ်​အား​ကြီး​သော​ကြောင့်၊ သူ​တို့​သည်​လမ်း​လွှဲ၍ မိ​မိ​တို့​ဘု​ရား​သ​ခင့်​ထံ​မှာ မ​နေ၊ မှား​ယွင်း​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​နှင့် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​လက်​ထဲ​က ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ရို​သေ​ကြ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လမ်း​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ အာ​ဟပ်​အ​မျိုး မှား​ယွင်း​သည်​နည်း​တူ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​နှင့် မှား​ယွင်း​ရ​မည် အ​ကြောင်း ပြု​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​ထက်​သာ၍​ကောင်း​သော ညီ​ရင်း​တို့​ကို သတ်​သော​ကြောင့်​လည်း​ကောင်း၊

သူ​တို့​သည် ကိုယ်​အ​ကျင့်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍၊ ကိုယ်​အ​မှု​တို့​တွင် မှား​ယွင်း​ကြ၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။

သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။

သစ်​တုံး​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဖြစ်​တော်​မူ၏ ဟူ​၍​လည်း​ကောင်း၊ ကျောက်​အား​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဖွား​မြင်​တော်​မူ​ပြီ ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ စင်​စစ် ငါ့​ကို မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​ကြ​သော်​လည်း၊ အ​မှု​ရောက်​လျှင်​မူ​ကား၊ ထ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​တတ်​ကြ​၏။

ရှ​မာ​ရိ​ပြည်​သား ပ​ရော​ဖက်​တို့၌​လည်း၊ မိုက်​သော​သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် ဗာ​လ​ဘု​ရား​ကို မှီ​ဝဲ၍ ပ​ရော​ဖက်​ပြု​သ​ဖြင့်၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှား​ယွင်း​စေ​ကြ​ပြီ။

ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့​လည်း​ကောင်း၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​ကို​ဝတ်​ပြု​သော ပြည်​သူ​ပြည်​သား​များ ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်​ဟု၊ သင်​တို့​ကြံ​စည်​သည်​အ​တိုင်း အ​ကြံ​မ​မြောက်​ရ။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဗေ​ဒင်​တွက်​ခြင်း​ငှာ လမ်း​နှစ်​လမ်း​ဆုံ​မိ​ရာ​လမ်း​ခွ၌ ရပ်၏။ မြား​တို့​ကို ရော​နှော၏။ တေ​ရပ်​ရုပ်​တု​တို့​ကို မေး​မြန်း၏။ အ​သည်း​ကို ကြည့်​ရှု၏။

အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။

သူ​တို့​သည် ပြု​မြဲ​ပြု​သော​ကြောင့်၊ သူ​တို့၏​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြန်၍​မ​လာ​နိုင်​ကြ။ မှား​ယွင်း​သော​သ​ဘော စွဲ​လမ်း​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​ကြ။

အ​ကယ်​စင်​စစ် အ​ဓ​မ္မ​အ​မှု​ကို ပြု​တတ်​ကြ၏။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ငါ​မြင်​ပြီ။ ထို​အ​မျိုး၌ ဧ​ဖ​ရိမ်​သည် မှား​ယွင်း​တတ်၏။ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။

သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။

ထို​သို့​နေ​သော​သူ​နှင့် သူ၏​အိမ်​သူ​အိမ်​သား​တို့​ကို ငါ​သည်​မျက်​နှာ​ထား၍ ထို​သူ​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ မော​လုတ်​ဘု​ရား​ထံ၌ မှား​ယွင်း​သော​သူ​ကို​လည်း​ကောင်း၊ သူ​တို့​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။

သစ်​သား​အား၊ နိုး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း၊ စ​ကား​အ​သော ကျောက်​အား၊ ထ​တော်​မူ​ပါ ဟူ၍​လည်း​ကောင်း ဆို​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​အ​ရာ​သည် သွန်​သင်​လိမ့်​မည်​လော။ ရွှေ​ငွေ​နှင့် မွမ်း​မံ​လျက်​ရှိ၏။ အ​တွင်း၌ အ​သက်​အ​လျှင်း​မ​ရှိ​ပါ​တ​ကား။

ထို​ပန်း​ပွား​တို့​ကို သင်​တို့​သည်​ကြည့်​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား ပ​ညတ်​တော်​မူ​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​ကြ​မည်​အ​ကြောင်း၊ အ​ထက်​က ကိုယ်​အ​လို​သို့​လိုက်​လျက်၊ ကိုယ်​ဉာဏ်​ကို​မှီ​ဝဲ​လျက် မှား​ယွင်း​သ​ကဲ့​သို့ မ​လိုက်​မ​မှီ​ဝဲ၊

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။

သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ယ​ခု​ခ​ရီး​သွား​ရာ​တွင် အ​ကြံ​မြောက်​မည် မ​မြောက်​မည်​ကို သိ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို မေး​မြန်း​ပါ​လော့​ဟု တောင်း​ပန်​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ