Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 4:13

Judson Bible

တောင်​ထိပ်​ပေါ်၊ ကုန်း​ပေါ်​မှာ​လည်း​ကောင်း အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​မျိုး၊ လိ​ဗ​နာ​ပင် အောက်​မှာ​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​ကြောင့်၊ သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍၊ ချွေး​မ​တို့​သည် မျောက်​မ​ထား​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​နှင့် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​လက်​ထဲ​က ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ရို​သေ​ကြ၏။

မိန်း​မ​တို့​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ကု​လား​ကာ​ကို​ရက်​ရာ​အ​ရပ် ဗိ​မာန်​တော်​နား​မှာ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့ နေ​ရာ​အိမ်​များ​ကို​လည်း ဖျက်​တော်​မူ၏။

သင်​တို့​သည် တပ်​မက်​ဖူး​သော သ​ပိတ်​ပင်​တို့​ကြောင့် ရှက်​ကြ​လိမ့်​မည်။ သင်​တို့​သည် ရွေး​ယူ​ဖူး​သော​ဥ​ယျာဉ်​တို့​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။

စိမ်း​သော သစ်​ပင်​ရှိ​သ​မျှ​အောက်​မှာ ရုပ်​တု​ဆင်း​တု၌ တပ်​မက်​သော​သူ၊ ချိုင့်​ထဲ၊ ကျောက်​စောင်း​အောက်​မှာ သူ​ငယ်​ကို သတ်​သော​သူ မ​ဟုတ်​လော။

မြင့်​လှ​သော တောင်​ကြီး​ပေါ်​မှာ သင်၏​ခု​တင်​ကို​ထား​ပြီး​လျှင်၊ ထို​အ​ရပ်​သို့​တက်၍ ယဇ်​ပူ​ဇော်​တတ်၏။

ရှေး​ကာ​လ၌ သင်​ထမ်း​ရ​သော​ထမ်း​ပိုး၊ သင်၌​ချည်​သော နှောင်​ဖွဲ့​ခြင်း​ကို ငါ​ချိုး​ချွတ်၍ သင်​က၊ အ​ကျွန်ုပ်​သည် မ​မှား​ယွင်း​ဘဲ​နေ​ပါ​မည်​ဟု က​တိ​ထား​သော်​လည်း၊ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း၊ ကိုယ်​ကို​ချ၍ ပြည့်​တန်​ဆာ​လုပ်​လေ၏။

သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။

သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။

သင်​သည် မြင့်​သော​အ​ရပ်​ကို လမ်း​ဦး​တိုင်း​လုပ်၍၊ ကိုယ်​လှ​သော​အ​ဆင်း​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​သည်​တိုင်​အောင်​ပြု​လျက်၊ ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့​အား ပေါင်​တို့​ကို​ခွာ​ဖွင့်၍၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။

ရုပ်​တု​ဆင်း​တု​အ​ပေါင်း​တို့​အား နံ့​သာ​ပေါင်း​ကို ပူ​ဇော်​ရာ​အ​ရပ်၊ ယဇ်​ပ​လ္လင်​များ​ပတ်​လည်၊ မြင့်​သော​ကုန်း၊ တောင်​ထိပ်​ရှိ​သ​မျှ​တို့​အ​ပေါ်၊ စိမ်း​သော​သစ်​ပင်၊ အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌၊ ရုပ်​တု​ဆင်း​တု​တို့​တွင် သူ​ရဲ​တို့​သည်​လဲ၍ သေ​လျက်​ရှိ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။

သူ​တို့​ကို ခေါ်​သော​သူ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ ဗာ​လ​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်၍ ရုပ်​တု​ဆင်း​တု​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။

ဗာ​လ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ နှာ​ခေါင်း​ဆွဲ​နှင့် လည်​ဆွဲ​တန်​ဆာ​ကို ဆင်​လျက် ရည်း​စား​များ​နောက်​သို့ လိုက်​သ​ဖြင့်၊ ငါ့​ကို မေ့​လျော့၍ ဗာ​လ​ဘု​ရား​တို့ လက်​ထက်၌ ပြု​မိ​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်၏​မ​ယား​သည် ပြည့်​တန်​ဆာ​ဖြစ်​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​သည် ဓား​ဖြ​င့်​သေ​ကြ​လိ​မ့်​မည်။ သူ​တစ်​ပါး​တို့​သည် သင်၏​မြေ​ကို ကြိုး​တန်း​ချ၍ ဝေ​ဖန်​ကြ​လိမ့်​မည်။ သင်​သည် ညစ်​ညူး​သော​ပြည်၌ သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မ​ဇိ​အား ဆင့်​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ