Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:53

Judson Bible

မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို အ​ဘိ​မ​လက်​ခေါင်း​ပေါ်​သို့ ပစ်​ချ၍ ဦး​ခေါင်း​ခွံ​ပေါက်​ကွဲ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ဗ္ဗေ​ရှက်​သား အ​ဘိ​မ​လက်​ကို အ​ဘယ်​သူ လုပ်​ကြံ​သ​နည်း။ သေ​ဗက်​မြို့​မှာ မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို မြို့​ရိုး​ပေါ်​က​ပစ်​ချ၍ အ​ဘိ​မ​လက်​သေ​သည် မ​ဟုတ်​လော။ မြို့​ရိုး​အ​နီး​သို့ အ​ဘယ်​ကြောင့် ချဉ်း​ကပ်​ကြ​သ​နည်း​ဟု မိန့်​တော်​မူ​လျှင်၊ ကိုယ်​တော်၏​ကျွန် ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သေ​ကြောင်း​ကို လျှောက်​ရ​မည်​ဟု မှာ​ထား၍ စေ​လွှတ်​လေ၏။

ထို​သို့​မ​ဟုတ်​ပါ။ ဧ​ဖ​ရိမ်​တောင်​သား​ဖြစ်​သော ဗိ​ခ​ရိ၏​သား ရှေ​ဘ​အ​မည်​ရှိ​သော သူ​သည် ရှင်​ဘု​ရင်​ဒါ​ဝိဒ်​ကို ပုန်​ကန်​ပြီ။ ထို​သူ​ကို အပ်​လော့။ အပ်​လျှင် ဤ​မြို့​မှ ငါ​ထွက်​သွား​မည်​ဟု ပြော​ဆို​သော်၊ မိန်း​မ​က၊ သူ၏​ဦး​ခေါင်း​ကို ကိုယ်​တော်​ရှေ့​သို့ ပစ်​ချ​ပါ​မည်​ဟု ဆို​ပြီး​မှ၊

ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ တေ​မန်​ပြည်​သား​တို့ တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည်၊ အား​မ​ရှိ​သော ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့​လာ၍၊ ကျက်​စား​ရာ​အ​ရပ်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ ခါ​လ​ဒဲ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည် အား​မ​ရှိ​သော​ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့ လာ၍၊ ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​လိမ့်​မည်။

ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။

ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။

သို့​မ​ဟုတ်​လျှင် အ​ဘိ​မ​လက်​ထဲ​က မီး​ထွက်၍၊ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ကို​လောင်​ပါ​စေ။ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ထဲ​က မီး​ထွက်၍ အ​ဘိ​မ​လက်​ကို လောင်​ပါ​စေ​ဟု ကြွေး​ကြော်​ပြီး​မှ၊

အ​ဘိ​မ​လက်​သည် ရဲ​တိုက်​ကို လာ၍​တိုက်​လျက်၊ ရဲ​တိုက်​တံ​ခါး​ကို မီး​ရှို့​ခြင်း​ငှာ ချဉ်း​ကပ်​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ